MNL League Cup 2024ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား

 

MNL League Cup 2024ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား

ရန်ကုန်  ဧပြီ  ၆

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီကကြီးမှူးကျင်းပလျက်ရှိသည့် MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ပြန်လည်ကျင်းပခဲ့ကြောင်း သိရသည်။

MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(ဃ) အုပ်စုပွဲစဉ်များအဖြစ်   ညနေ၄  နာရီတွင်  ရန်ကုန်မြို့   University  အားကစားကွင်း၌ ကစားခဲ့သည့်ပွဲစဉ်တွင် ဒဂုံပေါ့အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ပွဲစဉ်တွင် ဧရာဝတီယူနိုက်တက်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့်  အနိုင်ရရှိခဲ့ပြီး ဧရာဝတီယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၆၉ မိနစ်တွင် ရာဇာအောင်နှင့် ပွဲချိန် ၇၇ မိနစ်တွင် ချမ်းငြိမ်းတို့ကလည်းကောင်း၊    ဒဂုံပေါ့အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၃၅ မိနစ်တွင် မိုဂူကလည်းကောင်း၊ ညနေ ၄ နာရီတွင် သုဝဏ္ဏ အားကစားကွင်း၌ ကစားခဲ့သည့်     ဒဂုံစတားအသင်းနှင့် ဟံသာဝတီယူနိုက်တက် အသင်းတို့ပွဲစဉ်တွင်  ဒဂုံစတားအသင်းက ၄ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး   ဒဂုံစတားအသင်းအတွက် သွင်းဂိုးများကို ပွဲချိန်၁၀ မိနစ်တွင် မောင်မောင်ဝင်း၊ ပွဲချိန် ၃၆ မိနစ်တွင် ပီတာအောင်ဝေထူး၊ ပွဲချိန် ၈၄ မိနစ်တွင် ကျော်ဇင်လွင်၊ ပွဲချိန် ၉၃ မိနစ်တွင် စွန်းထက်တို့ကလည်းကောင်း၊ ဟံသာဝတီယူနိုက်တက်အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၆၉ မိနစ်တွင်နေမိုးနိုင်ကလည်းကောင်း သွင်းယူပေးနိုင်ခဲ့သည်။

အလားတူ အုပ်စု(D)အုပ်စုပွဲစဉ်များအဖြစ် ညနေ ၃ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်းတွင် ကစားခဲ့သည့် သစ္စာအားမာန်အသင်းနှင့် ရတနာပုံအက်ဖ်စီအသင်းတို့ပွဲစဉ်တွင်  ရတနာပုံအက်ဖ်စီအသင်းက ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ရတနာပုံအက်ဖ်စီအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃၈ မိနစ်တွင် ခင်ကျော်ဝင်း၊ ပွဲချိန် ၅၂ မိနစ်တွင် မိုးဆွေကလည်းကောင်း၊ သစ္စာအားမာန်အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၈၅ မိနစ်တွင် စောမျိုးဇော်ကလည်းကောင်း၊ ညနေ ၄ နာရီ YUSC အားကစား ကွင်းတွင်ကစားခဲ့သည့်    မြဝတီအက်ဖ်စီ အသင်းနှင့်  ISPE အသင်းတို့ပွဲစဉ်တွင် ISPE အသင်းက   ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ISPE အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၃ မိနစ်တွင် ဝင်းပြည့်မောင်၊ ပွဲချိန် ၃၃  မိနစ်တွင် နိုင်နိုင်ကျော်၊  ပွဲချိန် ၅၅ မိနစ်တွင် စောဆေးကပေါ်ဆေး၊ ပွဲချိန် ၆၇  မိနစ်တွင်  သန်းတိုးအောင်ကလည်းကောင်း၊ မြဝတီအက်ဖ်စီအသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၆၃ မိနစ်တွင်ကောင်းထက်လင်းကလည်းကောင်း အသီးသီး သွင်းယူပေးခဲ့ကြကြောင်း သိရသည်။ 

စည်သူအောင်