၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်  ဧပြီ  ၆

 

၂၀၂၄ ခုနှစ်  နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားရုံ၌ကျင်းပရာ   နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့်ဦးဟန်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

 ဦးစွာ    နေပြည်တော်ကောင်စီဝင်  ဗိုလ်မှူးကြီးရဲမိုးက  ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာစေရန် ကြိုးစားယှဉ်ပြိုင်သွားကြရန် ပြောကြားပြီး ၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား   မြို့နယ်ပေါင်းစုံ  အသက်  ၂၅ နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။

ထို့နောက်  ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန် (၄)ချက်ကို ရွတ်ဆိုကြသည်။

 ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့်တာဝန်ရှိသူများက  ပြိုင်ပွဲဝင်အသင်းများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြပြီး အသက် ၂၅ နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ   အုပ်စုပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ် အသင်းနှင့် ပျဉ်းမနားမြို့နယ်အသင်းတို့   ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက်  အမျိုးသား ဘော်လီဘောပြိုင်ပွဲကို ဧပြီလ  ၆ ရက်မှ   ၁၀ ရက်အထိ ပြည်ထောင်စုနယ်မြေ   နေပြည်တော်     အားကစားရုံ၌ ကျင်းပသွားမည် ဖြစ်ရာမြို့နယ်ရှစ်မြို့နယ်မှ  ပြိုင်ပွဲဝင်အသင်း  စုစုပေါင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။