မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်  ဧပြီ  ၆

 

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ပူးပေါင်းအဖွဲ့သည်  ဧပြီလ  ၄  ရက်မွန်းလွဲ ၂ နာရီတွင်  မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ မဆွေဆွေနွယ်(ခ)သဲသဲ၏   နေအိမ်ကိုဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ကိုလည်းကောင်း၊ အလားတူ ဧပြီလ ၄ ရက် ညနေ ၄ နာရီတွင် ပူးပေါင်းအဖွဲ့သည်  မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့ နောင်တုံကျေးရွာအနီး မိုင်းခုတ်-မိုင်းဆတ်သွား ကားလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ မနာဖာအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား   မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။