ကျောက်ဆည်မြို့နယ်၌ အခြေခံ စာတတ်မြောက်ရေး အ သုံးလုံး သင်တန်းဖွင့်လှစ်

 

ကျောက်ဆည်မြို့နယ်၌ အခြေခံ စာတတ်မြောက်ရေး အ သုံးလုံး သင်တန်းဖွင့်လှစ်

 

    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် အမှတ် (၁) အခြေခံပညာ    အထက်တန်းကျောင်း၌ အခြေခံ  စာတတ်မြောက်ရေး လုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် နမူနာနည်းလမ်းကောင်းများ   ရှာဖွေဖော် ထုတ်ရန်နှင့်   ဒေသ၏အခြေခံစာတတ်မြောက်နှုန်း တိုးတက်လာစေရန် ရည်ရွယ်၍ ဧပြီလ ၆ ရက်က အခြေခံစာတတ်မြောက်ရေး အ သုံးလုံး သင်တန်းကို ဖွင့်လှစ်သည်။

ယင်းသင်တန်းသို့ ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊    မြို့နယ် အခြေခံ  စာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးအေးလင်းနှင့်တာ ဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လာရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ  ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။

အဆိုပါသင်တန်းသို့ ကျောက်ဆည်မြို့ နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား ၁၈ ဦး၊ သင်တန်းသူ ၃၄ ဦး စုစုပေါင်း ၅၂ ဦးတက်ရောက်ခဲ့ပြီး သင် တန်းဆရာ၊ ဆရာမငါးဦး၊ ဒေသခံလုပ်အား ပေးနည်းပြခြောက်ဦး စုစုပေါင်း ၁၁ ဦးဖြင့် စနစ်တကျ သင်ကြားလျက်ရှိကာ သင်တန်း ကို ဧပြီလ ၆ ရက်မှ ၁၅ ရက်အထိ သင် ကြားပို့ချလျက် ရှိကြောင်း သိရသည်။