မန်စီးတီး အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးနှင့် ဂိုးဖန်တီးမှုအကြိမ် ၁၀၀နှင့်အထက် ပြုလုပ်နိုင်ခဲ့သည့် ပထမဆုံးကစားသမားအဖြစ် ဒီဘရိုင်းမှတ်တမ်းဝင်

 

မန်စီးတီး အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးနှင့် ဂိုးဖန်တီးမှုအကြိမ် ၁၀၀နှင့်အထက် ပြုလုပ်နိုင်ခဲ့သည့် ပထမဆုံးကစားသမားအဖြစ် ဒီဘရိုင်းမှတ်တမ်းဝင်

မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်း သည် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃၂)အဖြစ်ကစားခဲ့ သည့် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် မန်စီးတီးအသင်း တို့ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူ နိုင်ပြီးနောက် အသင်းနှင့်အတူ ပြိုင်ပွဲစုံ သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့သဖြင့်   မန်စီးတီးအသင်းသမိုင်းတစ်လျှောက် သွင်းဂိုးနှင့် ဂိုးဖန်တီးမှု  အကြိမ်  ၁၀၀  နှင့် အထက်ပြုလုပ်နိုင်သည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အသက် ၃၂ နှစ်အရွယ် ဒီဘရိုင်းသည်  ၂၀၁၅ ခုနှစ်က ဝုဖ်ဘတ်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်း ရွှေ့ကစားပြီးနောက်      မန်စီးတီးအသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင်  အကောင်းဆုံးခြေစွမ်းပြနိုင် ခဲ့ကာ မန်စီးတီးအသင်း ထိပ်တန်းအသင်းတစ်သင်း အဖြစ်ရပ်တည်ခဲ့ရာတွင် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိ အသင်း၌ အရေးပါဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

ဒီဘရိုင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် မန်စီးတီးအသင်းတို့ပွဲစဉ်တွင်    ပါဝင်ကစားခဲ့ပြီးနောက် အသင်းနှင့် ပြိုင်ပွဲစုံ ၃၇၂ ပွဲရှိခဲ့ပြီး သွင်းဂိုး ၁၀၀ နှင့် ဂိုးဖန်တီးမှု ၁၆၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည့်အတွက် သွင်းဂိုးနှင့်ဂိုးဖန်တီးမှု  အကြိမ်  ၁၀၀  နှင့်အထက်ရှိ လာခဲ့ကာ သွင်းဂိုး ၂၆၀ ဖြင့် သွင်းဂိုး အများဆုံးကစား သမားအဖြစ် ရပ်တည်နေသည့် ကစားသမားဟောင်း အဂူရိုသည် ဂိုးဖန်တီးမှု ၇၃ ကြိမ်သာ  ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။         

        Ref;Sky Sports