တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ  ၇

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာဧပြီလ ၄ ရက်တွင် နေပြည်တော်ကောင်စီတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်၊ လယ်ဝေး မြို့နယ်၌ တရားမဝင်ကျွန်းသစ် (၁ ဒသမ ၀၅၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၁၁၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီလ ၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  မုံရွာမြို့နယ်အတွင်း၌  လိုင်စင်မဲ့ KENBO 125 မော်တော်ဆိုင်ကယ်(၁)စီးနှင့်  TARYAN  125 မော်တော်ဆိုင်ကယ်(၁)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီလ ၄ ရက်တွင် ညောင်ခါးရှည်   X-Ray စက် စစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီး ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့်  REPOL Polypropylene Homo-polymer အိတ် (၁၈၀)(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့့် Yutong Bus (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို လည်းကောင်း၊  ဧပြီလ ၅ ရက်တွင်  ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ နာရီစင်အနီး၌  သထုံမြို့မှ  ပဲခူးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့်  ပုဇွန်နှစ်ကောင်စားအုန်းဆီ(၅)လီတာပါ ဘူး(၇၂၀)(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၉၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)ကို လည်းကောင်း၊ ညောင်ခါးရှည်  X-Ray စက် စစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ မိတ္ထီလာမြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကားတာယာအဟောင်း(၈၀)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၀၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် မြန်မာနိုင်ငံထုတ် Pyay  Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၉၈၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၃)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် TS Spanner ကီလိုဂရမ် (၂၅၀၈)၊  JFRESH  LED  မီးသီးလုံး (၁၆၀၀)အပါအဝင်  ကုန်ပစ္စည်း  (၈)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၈၄၆၈၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Van (၁)စီး၊ Mitsubishi Fuso Truck (၁)စီးနှင့် Nissan Condor Truck (၁)စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့၌ လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ် (၁)စီးနှင့် Toyota Mark II မော်တော်ယာဉ်(၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၈၄၆၈၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၅ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လားရှိုးမြို့နယ်၊  မိုင်းတင်ကျေးရွာအနီး၌ မော်တော်ယာဉ်(၄)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် G I Pipe ကီလိုဂရမ် (၃၀၀၀၀)နှင့် Scream အားဖြည့်အချိုရည် (၄၁၂၅)ပုလင်း အပါအဝင် ကုန်ပစ္စည်း (၁၁)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၄၄၂၀၀၀)  နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး၊ Hino Profia Truck ၁ စီး၊ Mitsubishi Fuso Truck (၁)စီးနှင့် Hino Ranger Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၂၄၄၂၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီ ၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၈)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင်ကြေညာထားခြင်းမရှိသည့် Alpha ဘိလပ်မြေအိတ်ခွံ ကီလိုဂရမ် (၁၅၀၀၀)၊ တရုတ်နိုင်ငံထုတ် Ceramic Tile (၆၈၁ ဒသမ ၆)စတုရန်းမီတာ အပါအဝင် ကုန်ပစ္စည်း(၅)မျိုး စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၇၄၈၁၆၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဧပြီလ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၄၅၄၅၀၇၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။