ဥရောပ-အာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီးနှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်တွေ့ဆုံ

 

ဥရောပ-အာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီးနှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်တွေ့ဆုံ

နေပြည်တော်  ဧပြီ  ၈

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် ဥရောပ-အာရှစီးပွားရေးကော်မရှင်   ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေး ဝန်ကြီး မစ္စတာဆာဂေးဂလေးဇီးယပ် နှင့်အဖွဲ့အား   ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

နှစ်ဖက်ဆွေးနွေးရာတွင် ရုရှားနိုင်ငံမှ ထုတ်လုပ်သည့်  ဓာတ်မြေသြဇာများကို မြန်မာနိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်ရေးနှင့် မြန်မာနိုင်ငံ၏ ဓာတ်မြေသြဇာတင်သွင်းမှု ဆိုင်ရာလုပ်ငန်းစဉ်များ ၊ မြန်မာနိုင်ငံ၏ ဆန်၊ ကော်ဖီ၊ သစ်သီးဝလံများနှင့် စိုက်ပျိုးရေး ထွက်ကုန်များ၊ ရေထွက်ကုန်များအပေါ် ဥရောပအာရှ စီးပွားရေးသမဂ္ဂ (EAEU) အဖွဲ့ဝင်နိုင်ငံများ၏ ဈေးကွက်လိုအပ်ချက်နှင့် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ညှိနှိုင်း ဆောင်ရွက်ထားရှိမှု၊ ကော်ဖီဆီထွက်သီးနှံ အပါအဝင် စိုက်ပျိုးထုတ်လုပ်ခြင်းကို မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်မှု အခွင့်အလမ်းများ၊  Myanmar GAP ထုတ်ကုန်တစ်ခုဖြစ်သည့် ကော်ဖီကို (EAEU)နိုင်ငံများသို့ တင်ပို့ရောင်းချပေးနိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဆီထွက်သီးနှံနှင့်ဝါသီးနှံ မျိုးကောင်းများ အသုံးပြုနိုင်ရေး၊ သဘာ၀မြေသြဇာထုတ်လုပ်မှုနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အာလူးမျိုးကောင်းမျိုးသန့်ထုတ်လုပ်မှု နည်းပညာ မျှဝေဖလှယ်ဆောင်ရွက်သွားမည့် အခြေအနေများ၊   မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် နည်းပညာပူးပေါင်း ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထို့နောက်    ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့်   ဥရောပ-အာရှစီးပွားရေး ကော်မရှင်ဘုတ်အဖွဲ့ဝင်၊ အကြီးစား စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဆာဂေးဂလေးဇီးယပ်တို့သည်    အမှတ်တရ လက်ဆောင်ပစ္စည်းများ   အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရသည်။