ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော်  ဧပြီ   ၈

 

နိုင်ငံတော်အနေဖြင့်  နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေး ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  ဆူးလေဆိပ်ခံတံတားအမှတ်   ၆  (SPW-6) မှ  MV. MANTA   HATICE     သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန်  ၂၅၀၀၀ အား ဖိလစ်ပိုင်နိုင်ငံသို့ လည်းကောင်း၊     TMT ဆိပ်ကမ်းမှ MV. TAY  SON – 4 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန်   ၁၂၇၀၀  အား ထိုင်းနိုင်ငံသို့လည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-2)   MV. SEIYO HARMONY  သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန်  ၂၇၅၀၀  အား အိန္ဒိယနိုင်ငံသို့လည်းကောင်း၊  MHM ဆိပ်ကမ်းမှ MV. MCL ၂၀ သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂၇၀၀ အား  ထိုင်းနိုင်ငံသို့လည်းကောင်း   အသီးသီးတင်ပို့သွားမည်ဖြစ်သည်။

ထို့ပြင် MITT-1 ဆိပ်ကမ်းမှ MV. MAERSU  DAVAO သင်္ဘောသည် ယနေ့တွင် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ အဝတ်အထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊  နှမ်း၊  ပြောင်း၊  ရော်ဘာနှင့် အထွေထွေကုန်များကို    ကုန်သေတ္တာ ၆၂၁  လုံးဖြင့် မလေးရှားနိုင်ငံသို့လည်းကောင်း၊ AWPT   ဆိပ်ကမ်းမှ  MV. SITC   CHENMING သင်္ဘောသည် ယနေ့တွင်   ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ ချုပ်ပြီး အဝတ်အထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ ပြောင်းနှင့် ရော်ဘာများကို ကုန်သေတ္တာ ၅၃၃ လုံးဖြင့် ဗီယက်နမ်နိုင်ငံသို့လည်းကောင်း     တင်ဆောင်ပြီး ထွက်ခွာမည်ဖြစ်ပါသည်။

အလားတူ ၂၀၂၄ ခုနှစ်  ဧပြီလ  ၉ ရက်တွင် MHM ဆိပ်ကမ်းမှ MV.MCL- 8 သင်္ဘောဖြင့်   ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀    အား  ထိုင်းနိုင်ငံသို့ လည်းကောင်း၊ MHM ဆိပ်ကမ်းမှ  MV.MCL- 7 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း၊ ဧပြီလ ၁၀ ရက်တွင် AIPT-3 ဆိပ်ကမ်းမှ MV. RAINBOW    SYMPHONY သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၆၆၀၀  အား ဖိလစ်ပိုင်နိုင်ငံသို့လည်းကောင်း ဆက်လက် တင်ပို့သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ် ဧပြီလ  ၇ ရက်ကလည်း SPW-3 ဆိပ်ကမ်းမှ MT. TURAN C သင်္ဘောဖြင့် ဆန်တန်ချိန်  ၁၂၀၀၀  အား စပိန်နှင့် ကင်မရွန်းနိုင်ငံတို့သို့   တင်ပို့ခဲ့ကြောင်း သတင်းရရှိသည်။