မန်ယူအသင်းကို လေးပွဲဆက်ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် လီဗာပူးအသင်းတိုက်စစ်မှူး ဆာလက်ချ်မှတ်တမ်းဝင်
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃၂)အဖြစ် ကစားသည့် မန်ယူအသင်းနှင့် လီဗာပူးအသင်းတို့ နှစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ် ခဲ့သည့်ပွဲစဉ်တွင် လီဗာပူးအသင်း တိုက်စစ်မှူး ဆာလက်ချ်သည် ပယ်နယ်တီမှတစ်ဆင့် အသင်းအတွက် ချေပဂိုးသွင်းယူနိုင်ပြီးနောက် မန်ယူအသင်းကို လေးပွဲဆက်ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဆာလက်ချ်သည် လီဗာပူးအသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်များတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး မန်ယူ အသင်းနှင့် နောက်ဆုံးတွေ့ဆုံခဲ့သည့်ပွဲစဉ်တွင် ဂိုးသွင်းယူခဲ့ပြီး လေးပွဲဆက်ဂိုးသွင်းယူနိုင်သည့် မှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
မန်ယူအသင်းသည် အသင်းသမိုင်းတစ်လျှောက် ပြိုင်ဘက်အသင်း ကစားသမားတစ်ဦးကို လေးပွဲဆက်ဂိုးသွင်း ခွင့်ပြုခဲ့ရခြင်းမရှိဘဲ ယခုအခါမှသာ ဆာလက်ချ်က မန်ယူအသင်းနှင့်တွေ့ဆုံခဲ့သည့် လေးပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့သော ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အလားတူ ဆာလက်ချ်သည် မန်ယူအသင်းအိမ်ကွင်း၌ သွင်းဂိုးခြောက်ဂိုး ရှိလာခဲ့သည့်အတွက် မန်ယူအသင်း အိမ်ကွင်းတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ဆာလက်ချ်သည် မန်ယူအသင်းနှင့်ကစားခဲ့သော ပြိုင်ပွဲစုံ ၁၅ ပွဲတွင် ၁၄ ဂိုးအထိ သွင်းယူနိုင်သည့်အတွက် မန်ယူအသင်းကို သွင်းဂိုးအများဆုံး သွင်းယူနိုင်သည့် ကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရသည်။
Ref;B/R Football