လီဗာပူးအသင်းက စပို့တင်းလစ္စဘွန်း အသင်းနည်းပြအမိုရင်ကို နည်းပြသစ် ခန့်အပ်နိုင်ရေး အကြိုသဘောတူညီမှုရရှိရန် ကြိုးပမ်းနေ

 

လီဗာပူးအသင်းက စပို့တင်းလစ္စဘွန်း အသင်းနည်းပြအမိုရင်ကို နည်းပြသစ် ခန့်အပ်နိုင်ရေး အကြိုသဘောတူညီမှုရရှိရန် ကြိုးပမ်းနေ

လီဗာပူးအသင်းက  ယခုဘောလုံးရာသီမကုန်မီ  စပို့တင်းလစ္စဘွန်းအသင်းနည်းပြ အမိုရင်ကို နည်းပြ သစ်အဖြစ်ခန့်အပ်နိုင်ရေး    အကြိုသဘောတူညီမှုရရှိရန် ကြိုးပမ်းနေကြောင်း သိရသည်။

လီဗာပူးအသင်းနည်းပြ ကလော့သည် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးရန် တစ်နှစ်ကျန်ရှိ နေသေးသော်လည်း ယခုဘောလုံးရာသီအကုန်တွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီး   လီဗာပူး အသင်းကလည်း နည်းပြကလော့၏  ဆုံးဖြတ်ချက်ကို  လက်ခံသည့်အတွက် နည်းပြကလော့အနေဖြင့် ရာသီအကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်သည်။

နည်းပြကလော့သည်  ၂၀၁၅  ခုနှစ်က လီဗာပူးအသင်းကို     တာဝန်ယူကိုင်တွယ်ခဲ့ပြီး    အသင်းကို ဆုဖလားပေါင်းစုံ ဆွတ်ခူးပေးနိုင်ပြီးနောက် မိသားစုကို   အချိန်ပေးလိုသည့်အကြောင်းပြချက်ဖြင့်    ယခုဘောလုံးရာသီ အကုန်တွင်   အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လီဗာပူးအသင်းသည် နည်းပြကလော့၏နေရာ၌ အစားထိုးရန် နည်းပြသစ်ကို ရှာဖွေနေပြီး အစောပိုင်းက လက်ရှိလေဗာကူဆင် အသင်းနည်းပြ အလွန်ဆိုကို     ခန့်အပ်ရန် ကြိုးပမ်းခဲ့သော်လည်း အလွန်ဆိုက လေဗာကူဆင်အသင်းနှင့်  ဆက်လက်လက်တွဲရန် ဆုံးဖြတ်ခဲ့သည့်အတွက် နည်းပြအမိုရင်ကို ခန့်အပ်လိုနေခြင်း ဖြစ်သည်။

နည်းပြအမိုရင်သည်   ၂၀၂၁ ခုနှစ်က  စပို့တင်းလစ္စဘွန်းအသင်းကို  စတင်တာဝန်ယူကိုင်တွယ်ပြီးနောက် အသင်းကို ပြည်တွင်းဖလားများ ဆွတ်ခူးပေးနိုင်ခဲ့ကာ ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင် ပေးထား နိုင်သောကြောင့် လီဗာပူးအသင်းကနည်းပြ သစ်အဖြစ် ခန့်အပ်လိုနေပြီး နည်းပြအမိုရင်အနေဖြင့် စပို့တင်းလစ္စဘွန်း အသင်းနှင့်      စာချုပ်သက်တမ်း ကျန်ရှိနေသေးသည့်အတွက် စာချုပ်ဖျက်သိမ်းကြေးကို စတာလင်ပေါင် ၁၅ သန်း ပေးချေရဖွယ်ရှိကြောင်း သိရသည်။                     

  Ref;Football 365