အစ္စရေးက ဂါဇာမှစစ်သည်များကို ပြန်ရုပ်မှုကြောင့် ကမ္ဘာ့ရေနံဈေးအနည်းငယ်ကျဆင်း

 

အစ္စရေးက ဂါဇာမှစစ်သည်များကို ပြန်ရုပ်မှုကြောင့် ကမ္ဘာ့ရေနံဈေးအနည်းငယ်ကျဆင်း

အစ္စရေးက ဂါဇာ၌တပ်မတစ်မသာချန် ပြီး ကျန်စစ်သည်များကို ပြန်လည်ရုပ်သိမ်းမှုကြောင့်  ကမ္ဘာ့ရေနံဈေးနှုန်း အနည်းငယ် ကျဆင်းလာကြောင်း သိရသည်။

အဆိုပါသတင်းကြောင့် ယခုသီတင်းပတ် အစအတွက် ရေနံဈေးနှုန်းအဖွင့်သည် တစ်စည်လျှင် ၁ ဒေါ်လာခန့်ကျဆင်းကာ ဘရန့်ရေနံစိမ်းက ဒေါ်လာ ၉၀ အောက်နှင့် WTI ရေနံစိမ်းက ၈၆ ဒေါ်လာအောက်ဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် အစ္စရေးက အီရန်ကောင်စစ် ဝန်ရုံးကိုတိုက်ခိုက်မှုနှင့် အီရန်ကလုပ်ဆောင် လာနိုင်သော  လက်တုံ့ပြန်နိုင်မှုတို့သည် အချိန်မရွေး ရေနံဈေးနှုန်း မြင့်တက်သွားစေနိုင်သည့်  အကြောင်းရင်းတစ်ရပ်အဖြစ်  ကျန်ရှိနေမြဲဖြစ်သည်။

ထို့ပြင် ပထဝီနိုင်ငံရေးပြောင်းလဲမှုအခြေ အနေများကလည်း ဈေးကွက်အတွင်းသို့ ရေနံဝင်ရောက်မှုကို  လျော့ကျစေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်ဟု လေ့လာသူများက ပြောသည်။

အခုလိုမျိုး  အစ္စရေးက   ဂါဇာက တပ်တွေကို ပြန်ရုပ်တယ်ဆိုတာ နိုင်ငံတကာရဲ့ ဖိအားတွေကြောင့်ဖြစ်သလို   တင်းမာမှုလျော့ကျလာခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်ဟု  လေ့လာသူတစ်ဦးဖြစ်သည့် တိုနီဆိုင်ကာမိုးက ပြောထားသည်။

Ref: OP