အင်းစိန်မြို့နယ်၌ အသက်တစ်နှစ်မှ ငါးနှစ်အရွယ် ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

 

အင်းစိန်မြို့နယ်၌ အသက်တစ်နှစ်မှ ငါးနှစ်အရွယ် ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

 

    ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် အင်းစိန်မြို့နယ်၌ အသက်တစ်နှစ်မှ ငါး နှစ်အရွယ် ကလေးငယ်များအား Catch-up  နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက် ကျွေးခြင်း အစီအစဉ်ကို ဧပြီလ ၇ ရက်က အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနနှင့်    သတ်မှတ်နေရာ အသီးသီး၌ ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အသက်တစ်နှစ်မှ ငါးနှစ်အရွယ် ကလေးငယ်များအနက် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေး တစ်ကြိမ်မျှ  မထိုးနှံရသေးသော ကလေး ငယ်များအား  အင်းစိန်မြို့နယ်   ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ နွေးအိလှိုင်နှင့် ဝန်ထမ်းများက   ငါးမျိုးစပ် ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ် ဆေးတို့ကို ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကျန်းမာရေးအသိ ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ကြသည်။

အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင် များနှင့် မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို အပတ် စဉ်  ကြာသပတေးနေ့တိုင်း  ဆောင်ရွက် ပေးရာ လစဉ် လဆန်းပထမပတ်တွင်လည်း ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ ပေးခြင်း၊ သွေးလွန်တုပ်ကွေး ရောဂါကြိုတင် ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း၊   သုံးရေများအတွင်း အဘိတ်ဆေးခတ်ခြင်း နှင့်    ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။