မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အစည်းအဝေး (၁/၂၀၂၄) ကျင်းပ

 

မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အစည်းအဝေး (၁/၂၀၂၄) ကျင်းပ

 

နေပြည်တော်  ဧပြီ   ၈

    ပညာရေးဝန်ကြီးဌာန မြန်မာစာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အစည်းအဝေး(၁/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင်    ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ စီမံကိန်းဒါရိုက်တာနှင့် စီမံကိန်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က မြန်မာစာ မြန်မာစကား၏ အသုံးအနှုန်းများ၊ ရေးထုံးများမှာ လွန်စွာရှုပ်ထွေးသဖြင့် မြန်မာစာအဖွဲ့နှင့် မြန်မာဘာသာဗေဒ လုပ်ငန်းအဖွဲ့သည် AI နှင့် NLP နည်းပညာအဖွဲ့တို့နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လိုအပ်သည်များကို ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊

မြန်မာစာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းဦးစီးကော်မတီသို့ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ခြောက်လတစ်ကြိမ် တင်ပြ၍ အကြံပြုချက်များ ရယူသွားကြမည်ဖြစ်ပါကြောင်း ပြော ကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက ဤစီမံကိန်းသည် နယ်ပယ်မျိုးစုံ ပါဝင်ပတ်သက်မှု ရှိနေသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ တက်ကြွစွာ ပူးပေါင်းပါဝင်မှုမှာ လွန်စွာ အရေးကြီးပါကြောင်း၊ စီမံကိန်းအောင်မြင်ရေး အတွက် ဖြည့်ဆည်း ပေးရန်လိုအပ်ချက်များကို စုစည်း၍ တင်ပြပေးရန် လိုအပ်ပါကြောင်း၊ မျိုးဆက်သစ်ပညာ ရှင်များ မွေးထုတ်ပေးကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စီမံကိန်း ဒါရိုက်တာဒေါက်တာ တင်ဖုန်းကျော်က စီမံကိန်းအလိုက် တာဝန်ခွဲဝေလျာထားမှု၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော    စီမံကိန်း လုပ်ငန်းတစ်ခုချင်းစီ အတွက် လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းအဆင့်များ၊ ပရောဂျက် အလိုက် တည်ဆောက်သွားမည့် System Architecture များ၊   အသုံးပြုသွားမည့် Models များအကြောင်းကို အသေးစိတ် ရှင်းလင်းတင်ပြပြီး  စီမံကိန်းစတင်သည့် အချိန်မှ လက်ရှိအချိန်အထိ လုပ်ဆောင် ပြီးစီးမှု အခြေအနေနှင့်  စိန်ခေါ်မှုများ၊ ဆက်လက်လု ပ်ဆောင်သွားမည့် လုပ်ငန်းအစီအမံများကို အဆင့်လိုက် အသေးစိတ် တင်ပြသည်။

ဆက်လက်၍ မြန်မာစာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း NLP  နည်းပညာအဖွဲ့ ခေါင်းဆောင် ပါမောက္ခချုပ် ဒေါက်တာ ဝင်းပပက စီမံကိန်းတစ်ခုချင်းစီအတွက် အသုံးပြုသွားမည့် Model အလိုက် Theory ပိုင်းဆိုင်ရာ ချဉ်းကပ်မှု အခြေအနေ၊ စမ်းသပ်တည်ဆောက်သွားမည့် Mathematical Model  နှင့် Programming Model  များ၏ System Design များအကြောင်းကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာစာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ဘာသာဗေဒ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသန့်စင်အေးက ဘာသာဗေဒ လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ AI နှင့် NLP နည်းပညာလုပ်ငန်း ကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက် မှုများ၊ လက်ရှိလုပ်ငန်းပြီးစီးမှု အခြေအနေများ၊   တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ အကြောင်းကို   ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များက   အထွေထွေ ဆွေးနွေးကြကာ ဒုတိယဝန်ကြီးများက    လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း   သိရသည်။