ကန့်ဘလူမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

 

ကန့်ဘလူမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

 

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဧပြီလ ၈ ရက် နံနက်ပိုင်းတွင်   ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်အလေးချိန် ချိန်ခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ ဗိုက်စစ်ဆေးခြင်း၊ သန္ဓေသားအနေအထား မှန်ကန်စေရေး ပြုပြင်ပေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်း (HIV၊ ဆစ်ဖလစ်၊ ဆီးချိုသွေးချို ရှိ၊ မရှိ)၊မတည့်သည့်ဆေး ရှိ၊ မရှိနှင့်အခြားရောဂါရှိ၊ မရှိတို့ကို မေးမြန်းစစ်ဆေးပြီး ထုံနာကျင်နာပျောက်ဆေး၊     ဖောလစ်အက်စစ်၊ သံဓာတ်အားဆေးတို့    အခမဲ့ပေးအပ်သည်။

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များ  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့တွင် ၆၈ ဦးခန့် စစ်ဆေးပေးခဲ့ကြောင်း မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သိရသည်။