ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

 

ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

 

    မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ဧပြီလ ၈ ရက်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်စပ်လျဉ်း၍ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။

    အဆိုပါလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ဝင်းအိမွန်နှင့် ဝန်ထမ်းများက ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်များနှင့် စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား သတ်မှတ်ထားမှုများ၊ စစ်မှုထမ်းဆောင်ရန် အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် အချက်များ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ဘာကြောင့်ပြည်သူ့ စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲစသည်တို့ ပါရှိသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသော ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်၌ ပုံမှန်လစဉ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး တက်ရောက်ရန် လာရောက်ကြသော ရပ်ကွက်/ကျေးရွာအုပ်စု ၄၈ အုပ်စုရှိရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများထံ ဖြန့်ဝေကြကြောင်း   သိရသည်။