ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဆာဂေး ဂလေးဇီးယပ်ကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် လက်ခံတွေ့ဆုံ

 

ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဆာဂေး ဂလေးဇီးယပ်ကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် လက်ခံတွေ့ဆုံ

 

နေပြည်တော်  ဧပြီ  ၈

    ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဥရောပ-အာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစား စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဆာဂေး ဂလေးဇီးယပ်ကို  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။

    တွေ့ဆုံစဉ်  မြန်မာ-ရုရှား နှစ်နိုင်ငံအကြား  ဘဏ္ဍာရေးနှင့်  အကောက်ခွန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်များနှင့်   လူ့စွမ်းအား အရင်းအမြစ် တိုးတက်လာရေးအတွက် သင်တန်းများနှင့် ဆွေးနွေးပွဲများ ကျင်းပပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို   ညှိနှိုင်းဆွေးနွေးကြသည်။

    တွေ့ဆုံပွဲသို့  စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်မှ ကိုယ်စားလှယ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနတို့မှ  တာဝန်ရှိပုဂ္ဂိုလ်များ၊  ရုရှား-မြန်မာ စီးပွားရေးကောင်စီမှ ကိုယ်စားလှယ်များ   တက်ရောက်ခဲ့ကြကြောင်း   သိရသည်။