နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကြည့်ရှုစစ်ဆေး

 

နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဧပြီ  ၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့ညနေ ပိုင်းတွင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်  မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဗလသိဒ္ဓိရပ်ကွက်တို့ရှိ အရာထမ်း၊ အမှုထမ်းအိမ်ရာများနှင့် အဆောင်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းအိမ်ရာနှင့် အဆောင်များတွင် မသက်ဆိုင်သူများ ဝင်ရောက်နေထိုင်မှု မရှိစေရေး စိစစ်ကြပ်မတ်ရန်၊ ဝန်ထမ်းအိမ်ရာနှင့် အဆောင်နေထိုင်သူများ အနေဖြင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး ပူးပေါင်းဆောင်ရွက်ရန်၊ တိုက်နံရံနှင့်ခေါင်မိုးများပေါ်တွင် ပေါက်နေသောအပင်များကို ရှင်းလင်းသွားရန်၊ ဝန်ထမ်းအိမ်ရာများတွင် အဆင့်အတန်းမြင့်မြင့် သန့်ရှင်းသပ်ရပ်စွာ နေထိုင်ကြရန်၊ ပူပြင်းသော နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး အထူးအလေးထား နေထိုင်ကြရန်နှင့် ရေကိုအကျိုးရှိရှိ ချွေတာသုံးစွဲကြရန်၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ထားသော အိမ်ရာ စည်းကမ်းများအတိုင်း တိကျစွာလိုက်နာ နေထိုင်ကြရန်နှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာ လုံခြုံရေးအသိ လုံခြုံ ရေးသတိရှိရှိ နေထိုင်သွားကြရန် တာဝန်ရှိသူများကို မှာကြားသည်။

 ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အိမ်ရာကြီးကြပ်သူ တိုက်တာဝန်ခံများ၊ နေထိုင်သူ  ဝန်ထမ်းများနှင့်  ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး  အိမ်ရာအလိုက် ဝန်ထမ်းမိသားစုများ၏  တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။