အေဂျက်ဇ်အသင်းက နည်းပြအပြောင်းအလဲအတွက် ချယ်လ်ဆီးအသင်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာကို ခန့်အပ်ရန် ဆွေးနွေးလျက်ရှိ
နယ်သာလန်ကလပ် အေဂျက်ဇ်အသင်းက ယခုဘောလုံးရာသီတွင် ရလဒ်များဆိုးရွားနေသည့်အတွက် ရာသီအကုန်တွင် နည်းပြအပြောင်းအလဲပြုလုပ်ရန် ပြင်ဆင်နေပြီး ချယ်လ်ဆီးအသင်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာကို ခန့်အပ်ရန် ဆွေးနွေးလျက်ရှိ ကြောင်း သိရသည်။
အေဂျက်ဇ်အသင်းသည် နည်းပြဟောင်း တန်ဟတ်လက်ထက်တွင် ထိပ်တန်းအသင်းတစ်သင်းအဖြစ် ရပ်တည်ပြီး ပြည်တွင်းဆုဖလားများကို ဆွတ်ခူးနိုင်ခဲ့သော်လည်း နည်းပြတန်ဟတ် ထွက်ခွာခဲ့မှုနှင့်အတူ အဓိက ကစားသမားများလည်း အသင်းမှ ထွက်ခွာခဲ့သည့်အတွက် ယခုဘောလုံးရာသီတွင် ရလဒ်ဆိုးများ နှင့်တွေ့ကြုံနေရခြင်းဖြစ်သည်။
အေဂျက်ဇ်အသင်းသည် နည်းပြတန်ဟတ်ထွက်ခွာ ပြီးနောက် ရှရူဒါ၊ ဟိုက်တင်ဂါ၊ စတိုင်ဂျင်၊ မာဒူရိုနှင့် လက်ရှိနည်းပြ ရှရှစ်ပ်တို့ကို ပြောင်းလဲခန့်အပ်ခဲ့သော်လည်း ရလဒ်များကောင်းမွန်လာခြင်းမရှိဘဲ ရုန်းကန် နေရပြီး ဖီယင်နုအသင်းကို ၆ ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်သည့်ပွဲစဉ် အပြီးတွင် အသင်းသမိုင်းတစ်လျှောက် ဂိုးပြတ်ရှုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
နည်းပြဂရေဟမ်ပေါ်တာသည်လည်း ဘရိုက်တန်အသင်းကို တာဝန်ယူကိုင်တွယ်စဉ်က ရလဒ်ကောင်း များရရှိခဲ့သော်လည်း ချယ်လ်ဆီးအသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့ရာ ရလဒ်ဆိုးများကြောင့် ထုတ်ပယ်ခံရပြီး လက်ရှိအချိန်ထိ ကလပ်အသင်းလက်မဲ့ ဖြစ်နေသူဖြစ်ကြောင်း သိရသည်။
Ref;Sky Sports