ရုရှားနှင့်နယ်စပ်သို့ ဂျာမန်စစ်သည်များရောက်ရှိလာ

 

ရုရှားနှင့်နယ်စပ်သို့ ဂျာမန်စစ်သည်များရောက်ရှိလာ

ရှေ့ပြေးဂျာမန်စစ်သည်အဖွဲ့တစ်ဖွဲ့သည် ရုရှားနိုင်ငံနှင့်နယ်စပ်ဖြစ်သော လစ်သူရေးနီးယားနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။

ထိုစစ်သည်များသည် ဂျာမန်တပ်မတော်က လစ်သူရေးနီးယားနိုင်ငံ၌ အမြဲတမ်း အခြေစိုက်မည့်     အင်အားပြည့် သံချပ်ကာတပ်မတစ်ခုအတွက်  ရှေ့ပြေးအဖွဲ့တစ်ဖွဲ့ကို ဦးစွာစေလွှတ်လိုက်ခြင်း ဖြစ်သည်။

ရုရှားနိုင်ငံကမူ ဂျာမနီတို့၏   အဆိုပါလုပ်ဆောင်ချက်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ်ရှုမြင်ထားပြီး    တုံ့ပြန်ရန်သီးခြား လုပ်ဆောင်ချက်များလိုအပ်မည်ဟု သတ်မှတ်ထားသည်။

အဆိုပါ ဂျာမန်စစ်သည်များသည် ဧပြီ လ ၈ ရက်တွင် ဂျာမနီနိုင်ငံမှ လစ်သူရေးနီးယားနိုင်ငံသို့  ထွက်ခွာလာခြင်းဖြစ်ပြီး ၎င်းတို့ကို ဂျာမန်ကာကွယ်ရေးဝန်ကြီးကိုယ်တိုင်ပို့ဆောင်နှုတ်ဆက်သည်။

ယခုကဲ့သို့   စစ်သည်များကို စေလွှတ်ဖြန့်ကြက်ခြင်းသည် NATO အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဂျာမနီက စည်းလုံးညီညွတ်စွာ တည်ရှိကြောင်း    ပြသခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးကပြောသည်။

ထိုတပ်မကို Panzerbrigade 45 ဟု အမည်ပေးထားပြီး စစ်ဆင်ရေးတာဝန်များကို အပြည့်အဝ ထမ်းဆောင်နိုင်သည့် ၂၀၂၇ ခုနှစ် အရောက်တွင် စစ်သည်အင်အား ၄၈၀၀ ခန့်နှင့် အရပ်သားဝန်ထမ်း ၂၀၀ အထိ ရှိလာမည် ဖြစ်ကြောင်း သိရသည်။

Ref: RT