အိန္ဒိယတပ်မတော်က ရုရှားမှ Igla-S လေကြောင်းရန်ကာကွယ်ရေးစနစ်ကို လက်ခံရရှိ

 

အိန္ဒိယတပ်မတော်က ရုရှားမှ Igla-S လေကြောင်းရန်ကာကွယ်ရေးစနစ်ကို လက်ခံရရှိ

အိန္ဒိယတပ်မတော်က ရုရှားမှ Igla-S လေကြောင်းရန်ကာကွယ်ရေးစနစ်   ပထမအသုတ်ကို  လက်ခံရရှိကြောင်း အိန္ဒိယ သတင်းဌာနတစ်ခုကဖော်ပြထားသည်။

Igla-S သည် ပခုံးထမ်းဒုံးပစ်လောင်ချာအမျိုးအစားဖြစ်ပြီး   ယခုပထမအသုတ်အနေဖြင့် ဒုံးပစ်လောင်ချာ ၂၄ လက်နှင့် ဒုံးကျည်အစင်း ၁၀၀ တို့ကို လက်ခံရရှိခြင်းဖြစ်သည်။

အိန္ဒိယနှင့်ရုရှားတာဝန်ရှိသူတို့သည် အဆိုပါပခုံးထမ်းဒုံးပစ်လောင်ချာ အလက် ၁၂၀ နှင့် ဒုံးကျည်အစင်း ၄၀၀ တို့ကို ထောက်ပံ့ပေးရေးအတွက် ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် သဘောတူလက်မှတ်ထိုးခဲ့ခြင်း ဖြစ်သည်။

အဆိုပါသဘောတူညီချက်အရ အိန္ဒိယက ပထမအသုတ်ကိုသာ   ရုရှားမှလက်ခံရရှိမည်ဖြစ်ကာ ကျန်ဒုံးပစ် လောင်ချာများနှင့် ဒုံးကျည်များကို   နိုင်ငံအတွင်း၌ ကိုယ်တိုင်ထုတ်လုပ်ခွင့်ရရှိမည်ဖြစ်သည်။

လက်ရှိတွင် အိန္ဒိယတပ်မတော်သည် ခေတ်မမီတော့သော  Igla-1M ပခုံးထမ်းဒုံးပစ်လောင်ချာများကိုသာ အသုံးပြုနေရဆဲဖြစ်ကြောင်း သတင်းစာက ဆက်လက်ဖော်ပြထားသည်။

Ref: Sputnik