ယူရေးရှားဒေသလုံခြုံရေးအဖွဲ့ဖန်တီးမှုအတွက် ဆွေးနွေးပွဲစတင်ရန် ရုရှားနှင့်တရုတ်သဘောတူ

 

ယူရေးရှားဒေသလုံခြုံရေးအဖွဲ့ဖန်တီးမှုအတွက် ဆွေးနွေးပွဲစတင်ရန် ရုရှားနှင့်တရုတ်သဘောတူ

ယူရေးရှားဒေသလုံခြုံရေးအဖွဲ့ ဖန်တီးမှုအတွက် နှစ်နိုင်ငံကြား ဆွေးနွေးမှုစတင်ရန် ရုရှားနှင့်တရုတ်တို့က  သဘောတူလိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ဧပြီလ ၉ ရက်တွင် ပြောသည်။

နှစ်နိုင်ငံစလုံးက ယူရေးရှားဒေသတွင် လုံခြုံရေးခိုင်မာအားကောင်းစေရန် ရည်မှန်းထားကြောင်း တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် ဆာဂျီလက်ရော့က ပြောသည်။

လက်ရှိအချိန်တွင် NATO နှင့် OSCE ကဲ့သို့သော    ဥရောပ-အတ္တလန္တိတ်လုံခြုံရေး အဖွဲ့အစည်းများက ၎င်းတို့အလုပ်နှင့် ၎င်းတို့ရှုပ်နေကြောင်း၊ ထိုအချိန်တွင် ယင်းကဲ့သို့သော အဖွဲ့အစည်းများက အကျိုးစီးပွားညီမျှမှုအပေါ် အခြေခံသည့် အဓိပ္ပာယ်ရှိသော ဆွေးနွေးမှုများကို လုပ်ဆောင်နိုင်စွမ်းရှိကြောင်း လက်ရော့က ဆက်ပြောသည်။

ယူရေးရှားဒေသ   လုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းမှုလုပ်ငန်းအတွက် ရုရှားသမ္မတဗလာဒီမာပူတင်က ဖက်ဒရယ် ညီလာခံမိန့်ခွန်း၌ ပြောခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယခုအခါ ရုရှားနိုင်ငံနှင့် မိတ်ဆွေတရုတ်နိုင်ငံတို့က   စိတ်တူကိုယ်တူရှိသော အခြားနိုင်ငံများနှင့် ဆွေးနွေးပွဲကို စတင်ရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း လက်ရော့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီနှင့် ဆွေးနွေးမှုအပြီးတွင်   ပြောထားသည်။

Ref: Sputnik