ပါဠိပထမပြန်စာမေးပွဲ သတ္တမနေ့ ကျင်းပ

 

ပါဠိပထမပြန်စာမေးပွဲ သတ္တမနေ့ ကျင်းပ

 

နေပြည်တော်  ဧပြီ  ၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေး ဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၂၄ ခုနှစ် ပါဠိပထမပြန် စာမေးပွဲကို ယနေ့(သတ္တမနေ့)တွင် နိုင်ငံတစ်ဝန်းရှိ စာဖြေဌာန ၂၁၆ ဌာနတို့၌ စာဖြေစာရင်းသွင်း ၇၆၇၇ ပါး/ဦးအနက် ၆၂၇၃ ပါး/ဦး ဖြေဆိုကြသဖြင့် ၈၁ ဒသမ ၇၁ ရာခိုင်နှုန်းဖြေဆိုကြကြောင်း သာသနာရေး ဦးစီးဌာနမှ သိရသည်။