ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းပြောကြားသည့် အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးလွင်ဦး တက်ရောက်

 

 

ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းပြောကြားသည့် အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးလွင်ဦး တက်ရောက်

 

နေပြည်တော်  ဧပြီ  ၉

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ အနေဖြင့်   ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများကို သိရှိ နားလည်စေရန်၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်နိုင် စေရန်၊   နိုင်ငံတကာသံ တမန်များအား စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သော သတင်းအမှန်များကို မျှဝေပေးနိုင်စေရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သတင်း အမှားများကြောင့် ပြည်သူများအကြား ဖြစ်ပေါ်လျက်ရှိသော   စိုးရိမ်စိတ်များကို လျော့ကျစေရေး ထပ်ဆင့် ရှင်းလင်းနိုင်စေရန် ရည်ရွယ်၍ သိကောင်းစရာများ ရှင်းလင်း ပြောကြားသည့် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ သံအမတ်ကြီး ဦးမောင်မောင်လင်း၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာန အသီးသီးမှ ဝန်ထမ်းကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အချက်အလက်များ၊ ဥပဒေအရ ယာယီရွှေ့ဆိုင်းပေးထားမည့်သူများ၊  လက်ရှိအခြေအနေတွင် အမျိုးသမီးများကို ပြည်သူ့စစ်မှုထမ်းခေါ်ယူရန် မရှိသေးကြောင်း သတင်းထုတ်ပြန်ထားမှု၊ အမျိုးသားရေး တာဝန်ကို ပြည်သူများက ထမ်းရွက်ရမည့် သမိုင်းပေး တာဝန်အဖြစ် မှတ်ယူ၍ ဆောင်ရွက်သွားရေး စသည်တို့ကို ရှင်းလင်းတင်ပြသည်။

 ယင်းနောက် ဒုတိယအမြဲတမ်း အတွင်းဝန်က ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍  နည်းဥပဒေရေးဆွဲနေမှု အခြေအနေ၊ အရှေ့တောင်အာရှ နိုင်ငံများနှင့် ပြည်ပနိုင်ငံများတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေကျင့်သုံးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ကြကြောင်း သိရသည်။