မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးနှင့် မြန်မာကောင်စစ် ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန် ထမ်းဆောင်ကြမည့် အရာထမ်း/အမှုထမ်းများအား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တွေ့ဆုံအမှာစကား ပြောကြား

 

မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးနှင့် မြန်မာကောင်စစ် ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန် ထမ်းဆောင်ကြမည့် အရာထမ်း/အမှုထမ်းများအား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တွေ့ဆုံအမှာစကား ပြောကြား

 

နေပြည်တော်  ဧပြီ   ၉

    ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ် ဝန်ချုပ်ရုံးများသို့   သွားရောက်တာဝန် ထမ်းဆောင်ကြမည့် သံရုံးယာယီတာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများအား ယနေ့နံနက်ပိုင်းတွင်   နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌တွေ့ဆုံ၍    အမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲသို့   နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက်တာဝန် ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင်   သံရုံး၊  အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက် တာဝန်ထမ်းဆောင်ကြမည့်  သံရုံးယာယီ တာဝန်ခံများ၊ အရာထမ်း၊ အမှုထမ်းများက ၎င်းတို့ သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည့်နိုင်ငံများနှင့် ယခုသွားရောက် တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို   ရှင်းလင်းတင်ပြကြသည်။

ထို့နောက်   ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ အနေဖြင့် မိမိနိုင်ငံ၏ အားသာချက်၊ အားနည်း ချက်များကို  မှန်မှန်ကန်ကန် သိရှိရန်လိုအပ်သကဲ့သို့ သွားရောက်တာဝန် ထမ်းဆောင်မည့် နိုင်ငံအကြောင်းကိုလည်း သိရှိထားရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ် ပြောင်းလဲနေမှုများကိုမျက်ခြည်မပြတ် စောင့်ကြည့်နေရမည်ဖြစ်ပြီး ပြောင်းလဲမှုအပေါ် မူတည်၍ လိုက်လျောညီထွေအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် မိမိနိုင်ငံ၏ အကျိုးဖြစ်ထွန်းအောင်၊ ဆက်ဆံရေးတိုး တက်အောင် ဝန်ထမ်းများအနေဖြင့်  မိမိ၏ ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ သံတမန်တစ်ဦး အနေဖြင့် အနည်းဆုံးဘာသာ စကားနှစ်မျိုး တတ်မြောက်ထားရမည်ဖြစ်ပြီး သွားရောက်တာဝန် ထမ်းဆောင်မည့် နိုင်ငံ၏ ဘာသာစကားကိုလည်း တတ်နိုင်သမျှ ကြိုးစားလေ့လာ သင်ယူစေလိုကြောင်း၊ သံတမန်တစ်ဦးတွင်    ရှိသင့်ရှိထိုက်သော အရည်အသွေး (Diplomatic Characteristic) များကို မြင့်မားအောင် ကြိုးစားကြရန် လိုအပ်ကြောင်း၊ သံတမန်တစ်ဦး၏ အရေးအကြီးဆုံးသော အရည်အသွေးသည်  သစ္စာရှိမှု  Loyalty  ဖြစ်ကြောင်း၊ သံတမန်များအနေဖြင့် Communication Skill ၊ Language Skill ၊  Negotiation Skill အရည်အသွေးများကို အစဉ်လေ့ကျင့်၍ လေ့လာဆည်းပူးနေကြရန်နှင့် မြော်မြင်စဉ်းစားချင့်ချိန်နိုင်သည့်  Strategic Thinking ၊ သတ္တိနှင့် ယုံကြည်မှု (Courage and Confidence) တို့ရှိရန်လည်း အရေးကြီးကြောင်း။

သံတမန်များသည် ကြီးမားသော ပြဿနာများကို အနည်းဆုံး အင်အားဖြင့် ရင်ဆိုင်ဖြေရှင်းကြရသူများဖြစ်သည့် အတွက်   သတ္တိနှင့် ယုံကြည်မှုမရှိလျှင် အောင်မြင်မှု မရနိုင်ကြောင်း၊ မိမိ၏အပြုအမူ၊ အနေအထိုင်၊ အသွားအလာများသည်    နိုင်ငံတော်ကို ကိုယ်စားပြုသည့် အတွက် သိက္ခာ၊ သမာဓိရှိရန်နှင့် မိမိကိုယ် မိမိယုံကြည်မှုရှိမှသာ အခြားသံတမန်များကို ဆွဲဆောင်စည်းရုံးနိုင်မည် ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် လုပ်သင့်သည်ကို လုပ်ရန်နှင့် မလုပ်သင့်သည်ကို မလုပ်ရန်  (Do and Don't)) များကို သိရှိလိုက်နာ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ ရာထူးအဆင့်အပေါ် မူတည်ပြီး Duty and Function အတိုင်း တာဝန်ထမ်းဆောင်မည်ဖြစ်သော်လည်း Collective Effort ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သူတစ်ပါးအကျိုးကို ပျက်စီးစေပြီးမှ မိမိအကျိုးဖြစ်စေမည့် ကိစ္စရပ်များ မလုပ်မိစေရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများ အချင်းချင်း  စည်းလုံးညီညွတ်မှု ရှိရန်နှင့် ကျန်းမာရေးကို အထူးဂရုစိုက်ရန်လည်း မှာကြားလိုကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။