မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အလှူငွေနှင့် စာအုပ်စာစောင်များ  ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြေ

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အလှူငွေနှင့် စာအုပ်စာစောင်များ  ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဧပြီ - ၁၀

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အလှူငွေနှင့် စာအုပ်စာစောင်များ  ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီ အဖွဲ့ဝင်များ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ၊ နေပြည်တော် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ နေပြည်တော် Book Club အဖွဲ့ဝင်များ၊ ကျေးရွာ စာကြည့်တိုက်မှူးများ၊ နေပြည်တော်စာရေးဆရာအသင်းမှ တာဝန်ရှိသူများတက် ရောက်ကြသည်။        

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အခမ်း အနား တက်ရောက်လာကြသူများသည် “ သုတဝေဖြာမျှဝေရာ ပညာဘဏ်တိုက် စာကြည့်တိုက်”   ဗီဒီယို Clip ကို ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြီးခဲ့သည့် ဧပြီ  ၃ ရက်က ယခုခန်းမထဲမှာပင် မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ၊ တပ်ရင်း တပ်ဖွဲ့များရှိ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲကို ကျင်းပခဲ့ ကြောင်း၊ ထိုအချိန်၌ ပြည်သူများအားလုံးအသိပညာဗဟုသုတများ တိုးတက်စေရေး အတွက် စာကြည့်တိုက်များတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်သည်ကို စဉ်းစားမိခဲ့ ကြောင်း၊ ထို့ကြောင့် စာအုပ်စာစောင်များထပ်မံလှူဒါန်းနိုင်ရေး စီစဉ်ရန် တာဝန်ရှိသူ များကို ညွှန်ကြားခဲ့ပြီးယနေ့ကျင်းပသည့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ  ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဖြစ်မြောက်အောင်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။

မြန်မာဝေါဟာရ၌ စာကြည်တိုက်ဆိုသည်မှာ ကြည့်ရှုလေ့လာရန်နှင့် ငှားရမ်းရန် စာအုပ်များခင်းကျင်းထားသောနေရာ ဟုရေးသားထားသည်ကို မှတ်သားမိကြောင်း၊ မိမိတို့နိုင်ငံတွင် စာကြည့်တိုက်များ တည်ဆောက်ထားသည်ကိုတွေ့ရှိရပြီး ပကတိ အခြေအနေနှင့်ကိုက်ညီသည့် စာကြည့်တိုက်များဖြစ်စေရေးအတွက်လည်း ထည့်သွင်း စဉ်းစားရန်လိုကြောင်း၊ ၂၀၁၉ ခုနှစ်ကြားဖြတ်သန်းခေါင်စာရင်းအရ ၅ နှစ်နှင့် အထက် လူဦးရေသည် ၄၆ ဒသမ ၄၆၃ သန်းရှိသည်ဟုသိရကြောင်း၊ အဆိုပါလူဦးရေတွင် ကျောင်းလုံးဝမတတ်ဘူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ အသက် နှစ် အထက် ၂၅ ဒသမ ၁၆၉ သန်းခန့်တွင် အတန်းလုံးဝမရှိသူ ၃ ဒသမ ၈ ရာခိုင်နှုန်း  ၉ သိန်းကျော်ရှိကြောင်း၊ မူလတန်းနှင့်မူကြိုအဆင့်ရှိသူ ၄၉ ဒသမ ၄၇ ရာခိုင်နှုန်း ၁၂ ဒသမ ၈၃ သန်းရှိကြောင်း၊ အလယ်တန်းအဆင့်ရှိသူ ၂၁ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၅ ဒသမ ၄၆ သန်းရှိကြောင်း၊ အထက်တန်းအဆင့်ပြီးမြောက်သူ ၁၃ ဒသမ ၃ ရာခိုင်နှုန်းနှင့် ဘွဲ့ရသူ  ၁၁ ဒသမ ၄ ရာခိုင်နှုန်း၊ ၂ ဒသမ ၆၈ သန်းရှိသည်ကို စာရင်းဇယားများ အရသိရကြောင်း၊ ကျောင်းသားအများစုသည်မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက် သွားကြခြင်းဖြစ်သဖြင့် နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်စရာဖြစ်ကြောင်း။

အလုပ်အကိုင်နှင့်ပတ်သက်၍ လယ်ယာသစ်တော သားငါးကဏ္ဍ၊ ဝန်ဆောင်မှု နှင့်အရောင်းအဝယ်ကဏ္ဍ၊ အခြေခံလက်မှုပညာနှင့် ဆက်စပ်လုပ်ငန်းများကဏ္ဍ စသည့်  အထွေထွေအခြေခံလုပ်ငန်းများကို နိုင်ငံ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်က လုပ်ဆောင် နေသည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ လူဦးရေ ၇၀ ရခိုင်နှုန်းခန့်သည် ကျေးလက် တွင် နေထိုင်ကြပြီး ၃၀ ရာခိုင်နှုန်းခန့်သည် မြို့ပြတွင်နေထိုင်ကြကြောင်း၊ ကျေးလက် နေ ပြည်သူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် သစ်ဝါးနှင့်ပတ်သက်သည့် လုပ်ငန်းများကို ဆောင်ရွက်နေကြကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ စီးပွား ရေးနှင့် အသိပညာဗဟုသုတကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ ပညာရေးအတွက်အထောက်အကူပြုစေမည့် စာကြည်တိုက်များတည်ဆောက်ပေးခြင်း သည် အလွယ်ကူဆုံးနည်းလမ်းပင် ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ၊ မြို့ပေါင်း ၄၇၁ မြို့ရှိသဖြင့် စုစုပေါင်း ၈၀၁ မြို့ရှိကြောင်း၊ ရပ်ကွက်ပေါင်း ၃၄၈၅ ခု၊ ကျေးရွာအုပ်စုပေါင်း ၂၃၉၁၀ ခု၊ ကျေးရွာပေါင်း ၆၃၂၁၀ ရှိကြောင်း၊ ထိုအထဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာက ခရိုင်နှင့် မြို့နယ်အဆင့်များတွင် ပြည်သူ့စာကြည့်တိုက် ၄၁၀ ကို ဖွင့်လှစ်ပေးထားပြီး မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ထောက်ပံ့မှု နှင့် ဖွင့်လှစ်ထားသည့်စာကြည့်တိုက်များ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ နှင့် ရပ်ရွာပြည်သူလူထုအစီအစဉ်ဖြင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်ပေါင်း ၃၅၀၀ ကျော် ရှိသည်ဟု သိရကြောင်း၊ နိုင်ငံတွင်း၌ စာကြည့်တိုက်ပေါင်းများစွာဖွင့်လှစ်ပေးရန် လိုအပ်သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့်စာကြည့်တိုက်အင်္ဂါရပ်များနှင့်ပြည်စုံအောင် အဆောက်အဦများနှင့် လိုအပ်သည့်အသုံးအဆောင်များ၊ စာအုပ်များကိုဖြည့်ဆည်းပေး သွားရန် လိုအပ်ကြောင်း။

မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ် ပြီးကျေးလက်တွင်အဓိကဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါလုပ်ငန်း များဆောင်ရွက်နေသူများကို အသိပညာများပေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အတွက် စာကြည်တိုက်လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ချိန်တွင်လည်း စာကြည့်တိုက်များရှိစာအုပ်များသည် ဒေသရှိ ပညာရေးကို ကြည့်၍ အများနားလည်နိုင်သည့် စာအုပ်များဖြစ်အောင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်ငန်းနယ်ပယ်များအလိုက် အသိပညာများရရှိနိုင်သည့် စာအုပ်များကို ထားရှိပေးနိုင် ရန်လိုကြောင်၊ ဥပမာအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  MSME လုပ်ငန်းများနှင့် သက်ဆိုင်သည်များ၊ ရေရရှိရေးနှင့် ရေသုံးစွဲမှုနည်းလမ်းများစသည် ပညာရပ်များကို သိရှိနားလည်စေရေးဆောင်ရွက်ပေးရန်လိုကြောင်း။

စာကြည့်တိုက်ဆိုသည်မှာ ပညာဖြန့်ဝေပေးရာဌာနကြီးတစ်ခုဖြစ်ကြောင်း၊ စာ ဖတ်စေရန်နှင့် စာဖတ်အားများတက်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဦး ချင်းအသိပညာများကြွယ်ဝစေရန်အတွက် စာဖတ်ရန်လိုကြောင်း၊ ဖတ်ရှုသည့်စာ ကို ဖတ်ရုံသာမဟုတ်ဘဲ မှတ်သားထားရှိရန်လည်းကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတများတိုးပွားလာမည်ဖြစ်ကြောင်း၊ ထိုသို့အသိပညာဗဟုသုတများကြွယ်ဝ လာခြင်းဖြင့် ဘဝအတွက်များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့ ဖတ်ရှုသိရှိထားသည့် အသိပညာဗဟုသုတများကို လူအများသိရှိစေရေးအတွက် ပြန်လည်ဟောပြောပေးခြင်း၊ဆွေးနွေးပေးခြင်းများဆောင်ရွက်မှသာလျှင် ပညာပြန့်ပွား မှုအကျိုးကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်  ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် အသိပညာနှီးနှော ဖလှယ်ဆွေးနွေးလှုပ်ရှားမှုများကို အပတ်စဉ်အလိုက်၊ လစဉ်အလိုက် ဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာစကားပုံတွင် “ရေအသက် တစ်မနက်၊ ထမင်းအသက်ခုနှစ်ရက်” ဟူ၍ရှိကြောင်း၊ အလားတူ စာပေအသိပညာ မရှိပါက တစ်သက်လုံး အခက်အခဲအကြပ်အတည်းများနှင့် ကြုံတွေ့ရနိုင်ကြောင်း၊ စာပေအသိပညာမရှိခြင်းနှင့် အားနည်းခြင်းတို့ကြောင့် နေ့စဉ်လူနေမှုဘဝ၌ အခက်အခဲ များနှင့် ကြုံတွေ့ရင်ဆိုင်နေရသူများကို မိမိတို့မြင်တွေ့နေကြရပြီး ၎င်းတို့၏ လူနေမှုပုံစံ ပြောင်းလဲတိုးတက်လာစေရေးနှင့် အနာဂတ်တွင်အသိပညာကြွယ်ဝသည့် လူ့အသိုက် အဝန်းကို ပုံဖော်တည်ဆောက်နိုင်ရေး မိမိတို့အနေဖြင့်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ပေးသွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာတွင်လည်း ခေတ္တခဏသာ ဆောင်ရွက်ခြင်းထက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားရန်လိုကြောင်း။

မိမိတို့အနေဖြင့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ စေရေး”နှင့် “ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည် ဆောက်ရေး” ဟူသည့် နိုင်ငံရေးမျှော်မှန်းချက်နှစ်ခုနှင့် “တိုင်းပြည်သာယာဝပြောရေး” နှင့် “စားရေရိက္ခာဖူလုံရေး” ဟူသည့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်ပြီး ယင်းရည်မှန်းချက်များအောင်မြင်စေရေး ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အသိပညာအတတ်ပညာကြွယ်ဝ သည့် လူသားအရင်းအမြစ်ကောင်းများပေါ်ထွက်လာရေးနှင့် အသိပညာကြွယ်ဝသည့် လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို ပုံဖော်တည်ဆောက်ပေးရန် မဖြစ်မနေလိုအပ် ကြောင်း၊ ထို့ကြောင့် ပညာရေးမြှင့်တင်ရေးနှင့်ပတ်သက်၍ အလေးထားဆောင် ရွက် လျက်ရှိကြောင်း၊ ပြည်သူပြည်သားများ အသိပညာအတတ်ပညာများရရှိစေရေး အတွက် ငွေကုန်ကြေးကျအနည်းဆုံးဖြင့် ပညာရရှိစေရေး စဉ်းစားဆောင်ရွက်သွားရန် လိုကြောင်း၊ စာအုပ်စာပေများကို သက်သာသည့် ဈေးနှုန်းများဖြင့် ဝယ်ယူဖတ်ရှုနိုင်ရေး အတွက်လည်းဆောင်ရွက်သွားရန်လိုကြောင်း၊ ကျေးလက်များကို အကျိုးပြုသည့် စာအုပ်များကိုလည်း ထုတ်ဝေသွားကြရန်တိုက်တွန်းလိုကြောင်း။

နိုင်ငံပိုင် သတင်းစာများနှင့် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေဖြန့်ချိလျက်ရှိသော် လည်း နိုင်ငံတစ်ဝန်းလုံးသို့ ပြန့်နှံ့ရောက်ရှိမှုအားနည်းမှုနှင့် ဖတ်ရှုသူနည်းပါးမှုတို့ကို တွေ့ရှိရကြောင်း၊ သတင်းစာဟူသည်မှာနေ့စဉ်ဖြစ်ပေါ်လျက်ရှိသည့် သတင်းအချက် အလက်များကို အမြန်ဆုံးသိရှိစေရေး ရိုက်နှိပ်ထုတ်ဝေခြင်းဖြစ်သဖြင့်နယ်မြို့၊ ကျေးရွာ များသို့ အမြန်ဆုံးရောက်ရှိနိုင်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ လက်ရှိအချိန်၌ သတင်းစာများကို အမြန်ဆုံးဖတ်ရှုနိုင်ရေးအတွက် အွန်လိုင်းစာမျက်နှာများ၌လည်း နေ့စဉ် ဖြန့်ဝေပေးလျက်ရှိကြောင်း၊ သတင်းစာများ၌ပါရှိသည့် သတင်းအချက်အလက် များ၊ ဆောင်းပါးများသည်လည်း ပြည်သူလူထုတို့ကိုအမှန် တကယ်အကျိုးပြုနိုင်ရန် လိုပြီး နားလည်သဘောပေါက်လွယ်ကူစေမည့် အသုံးအနှုန်းများ၊ အရေးအသားများကို သုံးနှုန်းကြရန်လိုကြောင်း။

ယနေ့အခမ်းအနားတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ် စာစောင်များနှင့် အလှူငွေများ လှူဒါန်းမှုသည် တန်ဖိုးကြီးမားသည့်လှူဒါန်းမှု၊ မွန်မြတ်သည့် အသိပညာစာပေအလှူဖြစ်သည့်အတွက် အလှူရှင်များအားလုံးကို မိမိ အနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊ စာအုပ်စာပေဟူသည် မည်မျှပင်ဟောင်းနေသည်ဖြစ်စေ မဖတ်ရသေးသူများအတွက် အသစ်ပင်ဖြစ်ပြီး အသိပညာအသစ်များကို ရရှိသွားစေမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မွန်မြတ်သည့်စာပေအသိပညာလှူဒါန်းမှုများကို ဦး ဆောင်နိုင်သူများက ဦးဆောင်၍ နိုင်ငံအဝန်း၌ မကြာခဏဆောင်ရွက်ပေးမည်ဆိုပါက တိုင်းပြည်အတွက်များစွာ အကျိုး ရှိစေမည်ဖြစ်သဖြင့် အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ကြရန် မေတ္တာရပ်ခံ တိုက်တွန်းပါကြောင်း၊ မိမိတို့၏ နိုင်ငံသားများအားလုံး အသိပညာအတတ်ပညာ နှင့်  လူမှုဘဝတိုးတက်စေရေး၊ နိုင်ငံတော်၏ နိုင်ငံရေးလုပ်ငန်းစဉ်များ၊ အမျိုးသားရေး ရည်မှန်း ချက်များအကောင်အထည်ဖော်ဆောင်ရာတွင် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်နိုင် စေရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ နှင့် စေတနာရှင်ပြည်သူများက မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ  ကိုပေးအပ်လှူဒါန်းကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို က မြန်မာ နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့်စာအုပ် စာစောင်များ ပေးအပ်လှူဒါန်းမှု နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အမျိုးသားစာကြည့်တိုက်ရှိ e-Library and Reading Room တို့ကိုလှည့်လည် ကြည့်ရှုခဲ့ကြသည်။

ယနေ့အခမ်းအနားတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်းတပ်ဖွဲ့ဌာနချုပ်များနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပြင်ပအလှူရှင်များ၏ လှူဒါန်းမှုအနေဖြင့် အလှူငွေကျပ် ၅၆၀,၀၈၇,၅၀၀ နှင့် သုတရသစာအုပ်စာစောင် ၄၈၃၅၇ အုပ်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်းပြုလုပ်သည့် အခမ်းအနား များ၌ လှူဒါန်းမှုအနေဖြင့် ငွေကျပ် ၄၂၅၀၇၇၉၅၀ နှင့် သုတရသစာအုပ်စာစောင် ၃၀၈၅၄ အုပ်ဖြစ်ကြောင်းနှင့် စုစုပေါင်းလှူဒါန်းမှုအနေဖြင့် ငွေကျပ် ၉၈၅၁၆၅၄၅၀ နှင့် သုတရသစာအုပ်စာစောင် ၇၉၂၁၁ အုပ်ဖြစ်ကြောင်းသတင်းရရှိသည်။