အလုပ်သမားဝန်ကြီးဌာန ကိုယ်စားပြု ယိမ်းအဖွဲ့၏ ဝတ်စုံပြည့် ကပြဖျော်ဖြေခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အားပေး

 

အလုပ်သမားဝန်ကြီးဌာန ကိုယ်စားပြု ယိမ်းအဖွဲ့၏ ဝတ်စုံပြည့် ကပြဖျော်ဖြေခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အားပေး

 

နေပြည်တော်  ဧပြီ  ၁၀

အလုပ်သမားဝန်ကြီးဌာန ကိုယ်စားပြုယိမ်းအဖွဲ့၏ ဝတ်စုံပြည့်ကပြ ဖျော်ဖြေခြင်း အခမ်းအနားကို   ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီးဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အထိမ်းအမှတ် နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်တွင် ဝန်ကြီးဌာန ကိုယ်စားပြုယိမ်း အဖွဲ့အနေဖြင့် အောင်အောင်မြင်မြင် ဖျော်ဖြေနိုင်ရန်  ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့်  ပံ့ပိုးမှုများဆောင်ရွက် ပေးထားပြီးဖြစ်၍ ယိမ်းအဖွဲ့ဝင်များက ဝန်ကြီးဌာန၏ ဂုဏ်ကိုမြှင့်တင်သည့်အနေဖြင့် အထူးကြိုးစားကပြ ဖျော်ဖြေသွားကြရန်နှင့် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား သည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနကိုယ်စားပြုယိမ်းအဖွဲ့နှင့် အကနည်းပြဆရာမကို ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ယိမ်းအဖွဲ့ကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။