China Foundation for Peace and Development (CFPD) နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းတို့မှ ဆောင်ရွက်သည့် "Silk Road People to People Connectivity Care for the Future" လှူဒါန်းမှု အစီအစဉ် အခမ်းအနားကျင်းပ

 

China Foundation for Peace and Development (CFPD) နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းတို့မှ ဆောင်ရွက်သည့် "Silk Road People to People Connectivity Care for the Future" လှူဒါန်းမှု အစီအစဉ် အခမ်းအနားကျင်းပ

 

နေပြည်တော် ဧပြီ ၁၀

China Foundation for Peace and Development (CFPD) နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းတို့မှ ဆောင်ရွက်သည့် "Silk Road People to People Connectivity Care for the Future" လှူဒါန်းမှု အစီအစဉ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်းရှိ ခန်းမ၌ကျင်းပရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ တရုတ်နိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊   တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းမှ  တာဝန်ရှိသူများ၊ China Foundation for Peace and Development (CFPD) အဖွဲ့မှ တာဝန်ရှိသူများ၊ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးက hina Foundation for Peace and Development (CFPD) အဖွဲ့သည်   တရုတ်-မြန်မာ ချစ်ကြည်ရေး ယဉ်ကျေးမှုနှင့် ပညာရေးဖလှယ်ရေး လှုပ်ရှားမှုများ စီမံကိန်းအတွက်၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်တွင်   ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူ ၂၀၀၀ ကို  တရုတ်ယဉ်ကျေးမှုထုတ်ကုန် အခု ၅၀၀၊ စာအုပ်တွဲ ၁၀၀ နှင့်  ပေါက်ဖော်လစဉ် စာအုပ်အတွဲ ၃၀၀ စုစုပေါင်း တန်ဖိုးငွေကျပ် ၃၅ သိန်းလှူဒါန်းခဲ့ပါကြောင်း၊ ယခုကဲ့သို့ အခြေခံပညာဦးစီး ဌာနအောက်ရှိ အခြေခံပညာကျောင်းများ အတွက် အားကစားပစ္စည်းများနှင့် စာရေးကိရိယာပစ္စည်းများ လှူဒါန်းပေးသည့်အတွက်  အခြေခံပညာဦးစီးဌာန ကိုယ်စားအထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ လှူဒါန်းသည့် ပစ္စည်းများသည် ပညာရေးဝန်ကြီးဌာန ကျောင်းသားလူငယ်များအတွက် ဖွံ့ဖြိုးရေးဗလငါးတန်ဖြစ်သည့် ကာယဗလနှင့် လွန်စွာကိုက်ညီပါကြောင်း၊ ကျောင်းသားလူငယ်များ တန်ဖိုးရှိစွာ သုံးစွဲနိုင်ရေးစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် China Foundation for Peace and Development (CFPD) မြန်မာနိုင်ငံရုံး ကိုယ်စားလှယ် Mr.Wang Lei က လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက်  မြန်မာ-တရုတ်  ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းမှ Senior President  မြန်မာနိုင်ငံဝူရှူး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာ(ခ) Mr.Li BoBo က အသင်းအား မိတ်ဆက်ပေး၍ နေပြည်တော်ရှိ စာသင်ကျောင်း ငါးကျောင်းသို့ အားကစားပစ္စည်းများနှင့် ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်းများကို လှူဒါန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်   ဒေါက်တာစိုးမြင့်ထွန်းက အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် စာသင်ကျောင်းငါးကျောင်း၏ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြား၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြောင်း  သိရသည်။