ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 

 

ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  ဧပြီ  ၁၀

    နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေး ဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့်   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMF-CCI) တို့ပူးပေါင်းစီစဉ်၍    ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဖြစ်သော ဆူးလေဆိပ်ကမ်း၊ ယခင် ဗိုလ်အောင်ကျော် ဆိပ်ကမ်း (The Myanmar Terminal- TMT)၊ မြန်မာစက်မှုဆိပ်ကမ်း-၂ (MIP2)၊ မင်းထက်မင်း (MHM) ဆိပ်ကမ်းနှင့် အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း- ၃ (AIPT3) တို့မှ သင်္ဘောငါးစင်းဖြင့်   ပြောင်းဖူးစေ့တန်ချိန် ၇၄၅၀၀ တန်ကို တင်ပို့ခဲ့သည်။

အလားတူ အေးရှားဝေါလ်ဆိပ်ကမ်းမှ ယနေ့တွင် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ ချုပ်ပြီး အဝတ်အထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ပြောင်း၊ ရော်ဘာနှင့် အထွေထွေ ကုန်ပစ္စည်းများကို တင်ပို့သွားမည်ဖြစ်သည်။

ထို့ပြင် ဧပြီလ ၁၃ ရက်က မင်းထက်မင်းဆိပ်ကမ်း (MHM) မှ သင်္ဘောနှစ်စင်းဖြင့် ပြောင်းဖူးစေ့တန်ချိန် ၅၄၀၀ တန်နှင့် ဧပြီလ ၁၅ ရက်တွင်လည်း Yangon International Gateway Terminal – YIGT ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၄၅၀၀ တန်တို့ကို ဆက်လက်တင်ပို့ သွားမည်ဖြစ်ကြောင်း သိရသည်။