ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၌ စတုတ္ထအကြိမ် ဒါနဥပပါရမီ စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပ

 

ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၌ စတုတ္ထအကြိမ် ဒါနဥပပါရမီ စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပ

 

ရန်ကုန်  ဧပြီ  ၁၀

    ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်၌ ဘဏ္ဍာတော်ထိန်း ဂေါပကရုံးဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများက စတုတ္ထအကြိမ် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်  ၉  နာရီတွင် အဆိုပါစေတီတော်  ဆိပ်ကမ်းလုပ်သားပေါင်းစုံ ဓမ္မာရုံ၌ ကျင်းပသည်။

ဦးစွာ   ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးစိန်သန်းက သွေးလှူဒါန်းပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ဝမ်းသာပီတိ စကားပြောကြားသည်။

 ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်မှ    ဒေါက်တာသန္တာက သွေးလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် သွေးလှူဒါန်းကြမည့် စေတီတော်ဂေါပကရုံး ဝန်ထမ်းများနှင့် ဘုရားဖူးလာသွေးအလှူရှင်ပြည်သူများအား   ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်မှ တာဝန်ခံ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးအမျိုးအစား ခွဲပေးခြင်း၊   ကျန်းမာရေးဆိုင်ရာများ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

ဆက်လက်ပြီး ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊  သွေးအလှူရှင်များက သွေး လှူဒါန်းနေမှုကို ကြည့်ရှုအားပေးကြသည်။

ယနေ့သွေးလှူဒါန်းကြသည့် သွေးအလှူရှင်များကို စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ တီရှပ်အင်္ကျီများ၊  အလှူရှင်များက အအေး၊ ကြက်ဥ၊ ငှက်ပျောသီး၊ နွားနို့ စသည့် အာဟာရအစားအစာများ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်မှ      သံဓာတ်အားဆေး စသည် တို့ကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။