ဂျိုးဘိုင်ဒင်က ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံကြား ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေး

 

ဂျိုးဘိုင်ဒင်က ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံကြား ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေး

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါအား ဝါရှင်တန်မြို့တော်ရှိ အိမ်ဖြူတော်၌ ဧပြီလ  ၁၀ ရက်တွင် လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါသည် အမေရိကန်သို့ တရားဝင် အလည်အပတ်ခရီး လာရောက်ခြင်းဖြစ်ပြီး ၎င်း၏ခရီးစဉ်အတွင်း အမေရိကန်နှင့် ဂျပန်နှစ်နိုင်ငံကြား ကာကွယ်ရေး လက်နက်ပစ္စည်းများ ပိုမိုပူးတွဲ ထုတ်လုပ်မည့် အစီအစဉ်များကို ထုတ်ပြန်ကြေညာမည် ဖြစ်သည်။

အမေရိကန်နှင့် ဂျပန်တို့သည် လက်ရှိတွင် နှစ်နိုင်ငံကြား ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုအတွက် သဘောတူညီချက် ၇၀ ခန့်ကို လက်မှတ်ရေးထိုးထားပြီး ဖြစ် သည်။ ယင်းသဘောတူညီချက်များ အနက်တွင် ဂျပန်နိုင်ငံအတွင်းရှိ အမေရိကန် စစ်ဌာနချုပ် ဖွဲ့စည်းပုံကို အဆင့်မြှင့်တင်မည့် အစီအစဉ်လည်း ပါဝင်သည်။

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါသည် ဧပြီလ ၁၁ ရက်တွင်    အမေရိကန် ကွန်ဂရက် လွှတ်တော်၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ဂျပန်နိုင်ငံသည် ယခုအခါ အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ဖော်ကိုင်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်လာကြောင်း အမေရိကန် အစိုးရအဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားထားသည်။