ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ(နေပြည်တော်) အဘိုးအဘွားများအတွက် ဆန်၊ ဆီနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

 

ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ(နေပြည်တော်) အဘိုးအဘွားများအတွက် ဆန်၊ ဆီနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်  ဧပြီ  ၁၁

 

တိုင်းပြည်နှင့် လူမျိုးအတွက် နှစ်ရှည်လများ သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် အသက် ၆၀ နှင့်အထက် အဘိုး အဘွား၊ တပ်မတော်သားများကို ရာသက်ပန် ပြုစုစောင့်ရှောက်နေသည့်  နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ကရုဏာ ကမ္ဘာဘိုးဘွားရိပ်သာသို့   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် မိသားစုတို့က  ယနေ့မွန်းလွဲပိုင်းတွင် ဆန်၊ ဆီ၊ လက်ဖက်ခြောက်နှင့် အလှူငွေကျပ် ၅၀၀၀၀၀ အား သွားရောက်လှူဒါန်းကြရာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ တာဝန်ခံအရာရှိ ဗိုလ်မှူး သောင်းမြင့်(ငြိမ်း)က   လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ ဘိုးဘွားရိပ်သာတွင် နိုင်ငံတော်အတွက်  အသက်စွန့်လွှတ်သွားကြသည့် သူရဲကောင်းစစ်သည်များ၏ မိသားစုများ၊ ကိုယ်လက်အင်္ဂါပေးလှူသွားခဲ့ကြသည့် တပ်မတော်သားများနှင့် မိသားစုဝင်များမှ အသက် ၆၀ နှင့်အထက် အဘိုး ၁၂၅ ဦး၊ အဘွား ၅၉ ဦး အဘိုးအဘွားစုစုပေါင်း ၁၈၄ ဦးတို့ကို ရာသက်ပန် ပြုစုစောင့်ရှောက်ပေး လျက်ရှိကြောင်း သိရသည်။