နှောင့်နှေးခဲ့ရသည့် အာကာသဒုံးပျံတစ်စင်းအား ရုရှားအောင်မြင်စွာ လွှတ်တင်
ရုရှားနိုင်ငံသည် လွှတ်တင်ရန်နှောင့်နှေးခဲ့ရသည့် အာကာသလွှတ်တင်ရေး ဒုံးပျံတစ်စင်းအား ဧပြီလ ၁၁ ရက်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း နိုင်ငံပိုင် အာကာသအေဂျင်စီက တိုက်ရိုက်ထုတ်ပြန်သည်။
ရုရှားနိုင်ငံသည် Angara-A5 အမည်ရှိ အဆိုပါအာကာသဒုံးပျံအား ပထမဆုံးအကြိမ်အဖြစ် နိုင်ငံ၏ အရှေ့ဖျားဒေသ၊ အာမာအာကာသစခန်းမှ လွှတ်တင်နိုင်ခဲ့ ခြင်းဖြစ်သည်။ ရုရှားသိပ္ပံပညာရှင်များသည် ယင်းဒုံးပျံကို ယခုရက်သတ္တပတ်အတွင်း လွှတ်တင်ရန်နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့သော်လည်း လွှတ်တင်ရေးစနစ်၏ အင်ဂျင်ချွတ်ယွင်းမှုနှင့် အခြားကိစ္စရပ်များကြောင့် အချိန်ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
Angara ဒုံးပျံအမျိုးအစားသည် အပေါ့စားနှင့် အကြီးစားအာကာသယာဉ်များအား အာကာသအတွင်းသို့ လွှတ်တင်ရာတွင် အသုံးပြုသည့် လွှတ်တင်ရေးဒုံးပျံ အမျိုးအစားတစ်ခုဖြစ်သည်။
ရုရှားအစိုးရသည် Angara အမျိုးအစားဒုံးပျံများကို Spectr-UV ကဲ့သို့သော ကမ္ဘာပတ်လမ်းစောင့်ကြည့်ရေး ဂြိုဟ်တု၊ ရုရှားအာကာသစခန်းရှိ ဂြိုဟ်တုများ အပါအဝင် ပတ်လမ်းအတွင်း အနိမ့်ပျံသန်းနေသည့် ဂြိုဟ်တုများ၌ တပ်ဆင်ရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ကာဇက်စတန်နိုင်ငံရှိ ဘိုင်ကိုနော်အာကာသစခန်းအား ရုရှားက အသုံးပြုနိုင်သည့် သဘောတူညီချက်သည် လာမည့် ၂၀၅၀ ပြည့်နှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် ရုရှားအစိုးရက Angara ဒုံးပျံစီမံကိန်းအား အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
Ref: MT, Xinhua