ကိုမိုရော့စ်မြို့တော် မိုရိုနီရှိအကျဉ်းထောင်မှ အကျဉ်းသား ၃  ဦးထွက်ပြေး

 

ကိုမိုရော့စ်မြို့တော် မိုရိုနီရှိအကျဉ်းထောင်မှ အကျဉ်းသား ၃  ဦးထွက်ပြေး

 

အာဖရိကအရှေ့ပိုင်းရှိ   ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ကိုမိုရော့စ်မြို့တော်၊ မိုရိုနီရှိအကျဉ်းထောင်မှ အကျဉ်းသား ၃၈ ဦးသည် ဧပြီလ ၁၁ ရက် နံနက်ပိုင်းက  ထွက်ပြေးလွတ်မြောက်သွားကြောင်း ရှေ့နေချုပ်နှင့် အစိုးရအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ အကျဉ်းထောင်မှ အကျဉ်းသား များထွက်ပြေးလွတ်မြောက်ခြင်းသည် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ ပေါ့လျော့မှုကြောင့် ဖြစ်ကြောင်း ရှေ့နေချုပ် အလီမိုဟာမက် ဂျူနာအစ်က   သတင်းဌာနတစ်ခုသို့ ပြောကြားသည်။

အကျဉ်းသားများသည်    မွတ်စလင် ဘာသာဝင်များ၏ ဘာသာရေးပွဲတော်အတွက် ဆုတောင်းပွဲမကျင်းပမီ ထွက်ပြေးသွားခြင်းဖြစ်ပြီး ၎င်းတို့၏ ထွက်ပြေးမှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး တစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း အကျဉ်းထောင် အကြီးအကဲ ဆိုအီလီနီအလီက ပြောသည်။

အကျဉ်းထောင်မှ   ထွက်ပြေးခြင်းကို ဖမ်းဆီးခံထားရသည့်   လက်နက်ကိုင် တပ်ဖွဲ့ဝင်များက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား   ပြန်လည် ဖမ်းဆီးနိုင်ရန်အတွက် အာဏာပိုင်အဖွဲ့က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။            

Ref: WE, ST