တရုတ်(တိုင်ပေ)သို့ စစ်လက်နက်များရောင်းချခဲ့သည့် အမေရိကန်အမှုဆောင် နှစ်ဦးအား တရုတ်က ပြည်ဝင်ခွင့်ပိတ်ပင်ပြီး ပိုင်ဆိုင်မှုများကိုထိန်းချုပ်

 

တရုတ်(တိုင်ပေ)သို့ စစ်လက်နက်များရောင်းချခဲ့သည့် အမေရိကန်အမှုဆောင် နှစ်ဦးအား တရုတ်က ပြည်ဝင်ခွင့်ပိတ်ပင်ပြီး ပိုင်ဆိုင်မှုများကိုထိန်းချုပ်

 

တရုတ်(တိုင်ပေ)သို့ စစ်လက်နက်များရောင်းချခဲ့သည့် အမေရိကန်ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီနှစ်ခုမှ အမှုဆောင်အရာရှိနှစ်ဦးအား တရုတ်အစိုးရက ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများကိုပါ   ထိန်းချုပ်လိုက်ကြောင်း   တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၁ရက်တွင် ထုတ်ပြန်သည်။

တရုတ်အစိုးရ၏   အဆိုပါပိတ်ဆို့ကန့်သတ်မှုများသည် မောင်းသူမဲ့လေယာဉ်များထုတ်လုပ်သည့် အမေရိကန်ရှိ  GA ကုမ္ပဏီနှင့် စစ်သုံးမော်တော်ယာဉ်များထုတ်လုပ်နေသည့်  GD ကုမ္ပဏီမှလုပ်ငန်းခွဲတစ်ခုဖြစ်သည့်   General Dynamics Land Systems တို့ပါဝင်ကြောင်းသိရသည်။

တရုတ် (တိုင်ပေ)သို့ လက်နက်ပစ္စည်းများ ရောင်းချပေးခြင်းသည် နိုင်ငံ၏ပြည်တွင်းရေးကို ဆိုးရွားစွာ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ပြီး   တရုတ်နိုင်ငံ၏ အချုပ်အခြာ၊ အာဏာပိုင်ဆိုင်မှုနှင့် နယ်မြေပေါင်းစည်းမှုကို ဖျက်ဆီးခြင်း ဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြားထားသည်။

ထို့ပြင် တရုတ်(တိုင်ပေ)သို့ အမေရိကန်က လက်နက်ပစ္စည်းများ ဆက်လက်ရောင်းချပေးနေခြင်းသည် အမေရိကန်နှင့် တရုတ်တို့ကြား ပူးတွဲထုတ်ပြန်ထားသည့် ကြေညာစာတမ်းသုံးရပ်ပါ အချက်အလက်များနှင့် တရုတ်အစိုးရ၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို    ဆိုးရွားစွာဖောက်ဖျက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံက  ဆက်လက်ပြောကြားသည်။

တရုတ်အစိုးရသည်  ၂၀၂၃ ခုနှစ်ကလည်း တရုတ်(တိုင်ပေ)အား လက်နက်များ ထောက်ပံ့ပေးနေသည့်  အမေရိကန် လက်နက်ကုမ္ပဏီများ ဖြစ်သည့် Northrop Grumman and Lockheed Martin တို့အပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း သိရသည်။                        

Ref: ST