ကျိုင်းတုံမြို့ရှိ ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၃)ကြိမ်မြောက်ရိုးရာမဟာသင်္ကြန် မင်္ဂလာစည်တော်တင်ပွဲပြုလုပ်

 

ကျိုင်းတုံမြို့ရှိ ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၃)ကြိမ်မြောက်ရိုးရာမဟာသင်္ကြန် မင်္ဂလာစည်တော်တင်ပွဲပြုလုပ်

 

နေပြည်တော်၊ ၂၀၂၄၊ ဧပြီ - ၁၂

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၃)ကြိမ် မြောက် ရိုးရာမဟာသင်္ကြန်မင်္ဂလာစည်တော်တင်ပွဲကို ယနေ့တွင် အဆိုပါမြို့ရှိ စပ်လုံကတ်အောင်မြေနတ်နန်း၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်း နှင့် တာဝန်ရှိသူများ၊ ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံရှမ်းတိုင်းရင်းသားများ တက်ရောက်ကြသည်။

     ဦးစွာ ဂုံရှမ်းယဉ်ကျေးမှုအဖွဲ့က နှစ်သစ်မင်္ဂလာ တေးသီချင်းဖြင့်သီဆိုဖွင့်လှစ် ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၃)ကြိမ်မြောက် ရိုးရာ မဟာသင်္ကြန် မင်္ဂလာစည်တော်တင်ပွဲအတွက် အလှူငွေများပေးအပ်ရာ  ဂုံရှမ်းတိုင်း ရင်းသားယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစိုင်းရှဲန်ခမ်း က လက်ခံရယူပြီး ဂုဏ်ပြုမှတ် တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။ယင်းနောက် နန္ဒဘေရီမင်္ဂလာစည်တော်ကို စင်ပေါ်သို့ တင်ဆောင်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နန္ဒဘေရီမင်္ဂလာ စည်ကို ၇ ချက်တီး ၍ ဆုမွန်ကောင်း တောင်းကြသည်။

    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မင်္ဂလာစည်တော်အား အမွှေးနံ့သာရည်များပက်ဖြန်းပြီး လွယ်တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်က ရိုးရာဓလေ့အတိုင်းမင်္ဂလာ စည်တော်ကို အဆက်မပြတ်တီးခတ်၍ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင် ဆက်ကြသည်။

    အဆိုပါ ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၃)ကြိမ်မြောက် ရိုးရာမဟာသင်္ကြန်မင်္ဂ လာစည်တော်တင်ခြင်းကို ရိုးရာမပျက်ကျင်းပလျက်ရှိရာ ယခုဆိုလျှင် (၆၁၃)ကြိမ် မြောက်ရှိပြီဖြစ်ပြီး နန္ဒဘေရီစည်တော်အား ရိုးရာထုံးတမ်းအစဉ်အလာအရ ယနေ့ မှစ၍ ၂၄ နာရီ အဆက်မပျက်တီးခတ်ပူဇော်ကာ ဧပြီ ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မင်္ဂလာစည်တော်အား လောင့်ကုပ် နမ့်ခင်ချောင်းသို့ ပို့ဆောင်ပွဲပြုလုပ် သွားမည် ဖြစ်ကြောင်းနှင့် နန္ဒဘေရီစည်တော်အား တီးခတ်ပူဇော်ခြင်းဖြင့် ရှမ်းတိုင်းရင်းသား တို့၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအဆိုအရ နိုင်ငံတော်ကြီးတည်ငြိမ် အေးချမ်းခြင်း၊ အမျိုး၊ ဘာသာ၊ သာသနာ နေလပမာ ထွန်းကားခြင်း၊ ရာသီဉတု ကောင်းမွန်ပြီး ဆန်၊ ရေ၊ စပါးပေါများကာ နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပြည်သူ အပေါင်း စိတ်နှလုံးချမ်းမြေ့စွာနေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။