သုံးခွမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

သုံးခွမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်၊  ၂၀၂၄ ဧပြီ ၁၂

    ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ မဟာမိတ်ကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၁၉ ဦးတို့ကို အဆိုပါကျေးရွာရှိ မြသိန်းတန် ကျောင်းတိုက်၌လည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ပန်းပင်တန်းကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံ ပြည်သူ စုစုပေါင်း ၉၈ ဦးတို့ကို အဆိုပါကျေးရွာရှိ ဝေဇယန္တာကျောင်းတိုက်၌ လည်းကောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်နှင့် တိုက်ကြီးတပ်နယ်တို့မှ နယ်မြေခံဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် ပေးသည်။

    ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သွားနှင့်ခံတွင်းရောဂါ၊ မျက်စိ ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးအကြောရောဂါ၊ ကလေး ရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍  လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေး ခြင်းများ ဆောင်ရွက်ပေးသည်။

    ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။