တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ နွေရာသီသင်တန်း ဆင်းပွဲများ ပြုလုပ်

 

တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ နွေရာသီသင်တန်း ဆင်းပွဲများ ပြုလုပ်

 

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၁၂

     ကျောင်းသား/ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလများ တွင်  အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘာသာ၊ သာသနာကို တန်ဖိုးထား တတ်စေရန်၊ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် ကျင့်စဉ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန်နှင့်  အကျင့်စာရိတ္တကောင်းမွန်ပြီး ပညာထူးချွန်သူများဖြစ်လာစေရန်၊ လက်တွေ့ အသုံးချဘာသာရပ်များနှင့်အတူ ဗဟုသုတရစေပြီး အတတ်ပညာများ တိုးပွားစေရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ်အသီးသီးနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များ၌ ဖွင့်လှစ်သင်ကြားခဲ့သည့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း၊ ကွန်ပျူတာ အခြေခံသင်တန်း၊ မြန်မာ့သိုင်းအခြေခံသင်တန်း၊ အင်္ဂလိပ်စာအခြေခံနှင့် စကားပြော သင်တန်းဆင်းပွဲများကို ယနေ့တွင် အနောက်တောင်တိုင် းစစ်ဌာနချုပ်ရှိ ဧရာဝတီ ခန်းမနှင့် တပ်နယ်အသီးသီး၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုး ခန်းမနှင့် တပ်နယ်အသီးသီး၌ လည်းကောင်း၊ ပြုလုပ်ကြရာ တိုင်းမှူးများနှင့် တာဝန်ရှိ သူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်း နည်းပြများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးများနှင့် တာဝန်ရှိသူများက  သင်တန်းဆင် းအမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်း များအလိုက် ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကာရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။