လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်) သဘောထားထုတ်ပြန်ချက်

လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)

သဘောထားထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄ ရက်

    မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့ဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄ ရက်နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် မန္တလေးမြို့၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ရှိ ဆိုင်ကယ်ရပ်နားဆောင်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လူမဆန်စွာ မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၂ ဦး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

    ယခုကဲ့သို့  အကြမ်းဖက်လုပ်ရပ်အား လွတ်မြောက်ခြင်း အသင်းတော်(ရန်ကုန်)က လုံးဝ လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။

လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)