မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူ ဘာသာရေးဗဟိုအဖွဲ့ ချုပ်၏ သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူ ဘာသာရေးဗဟိုအဖွဲ့ ချုပ်၏ သဘောထားထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄ ရက်

၁။   ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄ ရက်တွင် PDF အမည်ခံအကြမ်းဖက်သမားများက  မန္တလေးမြို့၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ရှိ မော်တော်ဆိုင်ကယ်ရပ်နားသည့်နေရာအား မိုင်းထောင်ဖောက်ခွဲ ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိသည်။

၂။    မြန်မာတို့၏ ၁၂ လရာသီများအနက် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်၌ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား မည်သို့မျှလက်ခံနိုင်ဖွယ်ရာမရှိသည့်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူ ဘာသာရေးဗဟိုအဖွဲ့ ချုပ်က  ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်