မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို) သဘောထား ထုတ်ပြန်

မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)

သဘောထား ထုတ်ပြန်

(၁၄-၄-၂၀၂၄)

၁။   ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် အခါသမယတွင် မြန်မာ့ ရိုးရာဓလေ့ ထုံးစံအရ နှစ်သစ်ကူးအတာသင်္ကြန်ပွဲကို မြန်မာပြည်တစ်ဝန်းလုံး၌ အတာရေ ပက်ဖျန်းကစားကြသူများ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားများပြား လျက်ရှိရာ ယနေ့ သင်္ကြန်အကျနေ့တွင် PDF အမည်ခံအကြမ်းဖက်သမားများက မန္တလေးမြို့ရှိ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ရှိ ဆိုင်ကယ်ရပ်နားဆောင်၌ မိုင်းထောင် ဖောက်ခွဲခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိ ရသည်။

၂။    ယခုကဲ့သို့ အကြမ်းဖက်သမားများ၏ လူမဆန်သည့်လုပ်ရပ်များကို မြန်မာနိုင်ငံ လုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)က ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)