သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ် သဘောထားထုတ်ပြန်ချက်

သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်

သဘောထားထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄ ရက်

          မန္တလေးမြို့၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီးရှိ ဆိုင်ကယ်ရပ်နားဆောင်၌ PDF အမည်ခံအကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာ များ ရရှိခဲ့ကြောင်း သိရှိရသည်။

    ယခုကဲ့သို့ အေးချမ်းပျော်ရွှင်စွာ ရေကစားနေကြသည့် ပြည်သူများအပေါ် မနာလိုစိတ်ဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို သနန္တဓမ္မပါလက(ဟိန္ဒူ) အဖွဲ့ချုပ်က လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါ သည်။

 

သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်