မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို) သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)

သဘောထားထုတ်ပြန်ချက်

(၁၄.၄.၂၀၂၄)

    ယနေ့ (၁၄-၄-၂၀၂၄)ရက် မဟာသင်္ကြန်အကျနေ့၌ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော်ကျင်းပသည့်နေရာတွင် အကြမ်းဖက်သမားများ ထောင်ထားသည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ  အပြစ်မဲ့ပြည်သူ ၁၂ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။

    ယခုကဲ့သို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် အများပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာ ရေကစားနေမှုအား ရည်ရွယ်ချက်ရှိရှိဖြင့်    မိုင်းထောင်ဖောက်ခွဲခဲ့သည့်  အကြမ်းဖက်သမားများကို မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)မှ ကန့်ကွက်ရှုတ်ချကြောင်းသဘောထားထုတ်ပြန် အပ်ပါသည်။

 

မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)