မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) သဘောထား ထုတ်ပြန်ချက်

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)

သဘောထား ထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်

       မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်၌ ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်သမားများထောင် ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၅ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဝမ်းနည်းဖွယ်သိရှိရပါသည်။

       ယခုကဲ့သို့ မြန်မာ့ရိုးရာအတာသင်္ကြန်ရေသဘင်ပွဲတော်ဆင်နွှဲလျက်ရှိသည့် အပြစ်မဲ့ပြည်သူ များအား မိုင်းထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)က   ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်ကြေညာအပ်ပါ သည်။

 

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)