မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်သဘောထားထုတ်ပြန် ကြေညာချက်

မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်သဘောထားထုတ်ပြန်

ကြေညာချက်

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄ ရက်

 

          မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ဆိုင်ကယ် ရပ်နားဆောင်၌ ယနေ့မဟာသင်္ကြန်အကျနေ့၌ အကြမ်းဖက်သမားများ ထောင်ထားသည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ  အပြစ်မဲ့ပြည်သူ ၁၂ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။

           ယခုကဲ့သို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် အများပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာ ရေကစားနေမှုအား ရည်ရွယ်ချက်ရှိရှိဖြင့်    မိုင်းထောင်ဖောက်ခွဲခဲ့သည့်  အကြမ်းဖက်သမားများကို မြန်မာနိုင်ငံအားကစား မီဒီယာများအဖွဲ့ချုပ်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

 

မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်