မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သဘောထားထုတ်ပြန်ကြေညာချက်(၃/၂၀၂၄)

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

သဘောထားထုတ်ပြန်ကြေညာချက်(၃/၂၀၂၄)

၂၀၂၄ ခုနှစ်၊ ဧပြီ  ၁၄ ရက်၊ တနင်္ဂနွေ

၁။   မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ဆင်နွှဲနေချိန်ဖြစ်ပါသည်။ မဟာသင်္ကြန်အကျနေ့ (၁၄-၄-၂၀၂၄)နေ့တွင် မန္တလေးမြို့၊ ၂၆ လမ်းဘီ (တောင်ဘက်ကျုံး)အနီးနေရာ၊ ၇၁ လမ်းနှင့် ၂၇ လမ်းရှိနေရာနှင့် ၇၁ လမ်း ၂၈ လမ်း ဆိုင်ကယ် အပ်နှံရာ နေရာတို့တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားခဲ့ရာ လမ်းလျှောက်သင်္ကြန်ဆင်နွှဲနေသော အပြစ်မဲ့ပြည်သူ ၁၁ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

၃။   ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကု ထိခိုက်ဒဏ်ရာ ရရှိစေအောင် ရည်ရွယ်ချက်ရှိရှိ ပြုမူဆောင်ရွက်သည့် အကြမ်းဖက်သမားများ၏ လုပ်ရပ်ကို  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ လုံးဝလက်မခံကန့်ကွက်ပါကြောင် သဘောထားထုတ်ပြန်ကြေညာ အပ်ပါသည်။

 

                                                                                                  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ