မြန်မာနိုင်ငံစာရေးဆရာအသင်း၏ သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံစာရေးဆရာအသင်း၏ သဘောထားထုတ်ပြန်ချက်

၂၀၂၄ခုနှစ်၊ ဧပြီလ ၁၄ ရက်

 

၁။     မန္တလေးမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော်ကျင်းပရာ မဟာသင်္ကြန်အကျနေ့(၁၄-၄-၂၀၂၄) ရက်တွင် ၂၆ဘီလမ်း(တောင်ဘက်ကျုံး)အနီးနေရာ ၊ ၇၁လမ်းx၂၇လမ်းရှိနေရာနှင့် ၇၁လမ်းx၂၈လမ်းရှိ ဆိုင်ကယ်အပ်နှံရာ နေရာတို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ  အပြစ်မဲ့ပြည်သူ ၁၂ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်းသိရပါသည်။

 ၂။   မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် အများပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာ ရေးကစား နေကြသည့် အပြစ်မဲ့ပြည်သူများအား ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြုမူဆောင်ရွက်သည့်  အကြမ်းဖက်သမားများကို မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန် အပ်ပါသည်။

 

မြန်မာနိုင်ငံစာရေးဆရာအသင်း