“ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏သဘောထား ထုတ်ပြန်ကြေငြာချက်"

“ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏သဘောထား

ထုတ်ပြန်ကြေငြာချက်"

=========•••••••

 

    မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ကာလ အများပြည်သူများ လွတ်လပ် ပျော်ရွှင်စွာရေကစားခြင်း၊ အလှူအတန်းပြုခြင်း၊ သီလဆောက်တည်ခြင်း၊ လူကြီး သူမ များအားပြုစုစောင့်ရှောက်ခြင်း အစရှိသည့် ကောင်းမှု့ကုသိုလ်များကို ပြုလုပ်နေကြရာ လွတ်လပ်ပျော်ရွှင်နေကြသူများကို မနာလိုမရှုဆိတ်သော အဖျက် သမားက မန္တလေးမြို့၊မြို့တော်ဝန်ရေကစားမဏ္ဍပ်အနီးမော်တော်ဆိုင်ကယ်ယာဥ် များ ရပ်နားရာနေရာတွင်လူအများသေစေလိုသောရည်ရွယ်ချက်ဖြင့်ဗုံးဖောက်ခွဲခဲ့ရာ အပြစ်မဲ့ပြည်သူ ၁၂ ဦးဒဏ်ရာရရှိသွားကြောင်း ယနေ့(၁၄.၄၂၀၂၄)ရက်တွင် သတင်းကြား သိရပါသည်။

   အပြစ်မဲ့ပြည်သူများကိုအဓိပ္ပါယ်မဲ့ဗုံးခွဲတိုက်ခိုက်သောအကြမ်းဖက် လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပါကြောင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကသတင်းထုတ်ပြန်အပ်ပါသည်။