သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်သဘောထားထုတ်ပြန်ချက်

သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်သဘောထားထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅ ရက်

ပြင်ဦးလွင်မြို့ရှိ ဘုန်းတော်ကြီးကျောင်း၊ ပြည်သူ့ဆေးရုံနှင့် လူနေရပ်ကွက် များအတွင်းသို့ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄ ရက် ညပိုင်းတွင်   အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်   သံဃာတော် ၂ ပါး ပျံလွန်တော် မူပြီး ပြည်သူ ၂ ဦး သေဆုံးကာ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ အေးချမ်းပျော်ရွှင်စွာနေထိုင်နေသည့် ပြည်သူများအပေါ် မနာလို စိတ်ဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို သနန္တဓမ္မပါလက(ဟိန္ဒူ) အဖွဲ့ချုပ်က လုံးဝလက်မခံနိုင်ပါ ကြောင်းနှင့်ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ကြေညာ အပ်ပါသည်။

သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်