မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသဘောထားထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅ ရက်

၁။         အကြမ်းဖက်သမားများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဆင်နွှဲနေသည့် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ ဘုန်းတော်ကြီးကျောင်းများ၊ ဆေးရုံများ၊ မြို့၊ ရွာ၊ ရပ်ကွက်များ အတွင်းသို့ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများနှင့် Drop Bomb များဖြင့် ရမ်းသန်း ပစ်ခတ်လျက်ရှိရာ ဧပြီလ ၁၄ ရက်ညပိုင်းတွင် အကြမ်းဖက်သမားများ၏  ၁၀၇ မမ ရှော့တိုက်ဒုံးပစ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်းရှိ သံဃာ တော် ၂ ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံပြည်သူ ၂ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ ကြောင်းသိရှိရသည်။

၂။       ထိုသို့ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများကို မြန်မာနိုင်ငံလုံး ဆိုင်ရာအ စ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘော ထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး