ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း သဘောထားထုတ်ပြန်ချက်

ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း သဘောထားထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅ ရက်
အကြမ်းဖက်သမားများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာ ဆင်နွှဲနေကြသည့် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ ဧပြီလ ၁၄ ရက်ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အတွင်းသို့ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံပြည်သူ ၂ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ ယခုကဲ့သို့ အကြမ်းဖက်သမားများ၏ လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါ ကြောင်း ဘူးသီးတောင်မောင်တော ဒေသဖွံ့ဖြိုးရေးအသင်းက သဘောထားထုတ်ပြန် ကြေညာ အပ်ပါသည်။ 

ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း